38 C
Yangon

မြဝတီမြို့နယ်၊ စိမ်းလဲ့မြိုင်အနီး တိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံး၊ကျိုက်ထို အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်၊ သံတံတားဂိတ်နှင့် ကင်းပုန်းစစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

မြဝတီမြို့နယ်၊ စိမ်းလဲ့မြိုင်အနီး တိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံး၊ကျိုက်ထို အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်၊ သံတံတားဂိတ်နှင့် ကင်းပုန်းစစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ စိမ်းလဲ့မြိုင်အနီး ၂ ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ ၃ ဦး သေဆုံးပြီး ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Cobra Column က ထုတ် ပြန်သည်။

ဇူလိုင်လ ၅ ရက်နေ့က မြဝတီမြို့နယ်၊ စိမ်းလဲ့မြိုင်အနီးဝန်းကျင်၌ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များ လုံခြုံရေးယူထားသော နေရာသို့ လက်နက် ကြီးများပစ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အ ကြမ်းဖက်စစ်သားများ ကို ခုခံတိုက်ခိုက်ခဲ့ရာ ၂ ရက်ကြာ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ် မှ ၃ ဦး သေဆုံးပြီး ခလရ ၈ မှ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ပြီး ဒရုန်း ၁ စင်း၊ သေနတ် ၁ လက် ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ ၏ အမှတ် ၄၄ တပ်မ ဌာနချုပ်နှင့် ဒတရ ၆၀၂ တပ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်း ဒေါမ်) PPDF-KD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ဇူလိုင်လ ၇ ရက် နေ့လည် ၃ နာရီခန့်က အကြမ်းဖက်စစ်တပ် လက်အောက် ခံ အမှတ် ၄၄ ခြေမြန် တပ်မ ဌာနချုပ်ရုံးနှင့် အမှတ် ၆၀၂ ဒုံးတပ်ရင်းလက်နက်ကြီးကြီး အထိုင်နေရာများကို ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ဗုံးသီးများ ပစ်မှတ်များအပေါ် ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ထိ ခိုက်သေဆုံးမှု စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“တပ်မ ၄၄ ဌာနချုပ်ထဲကို ဗုံးသီး ၆ လုံး၊ ဒရုန်းတပ်ရင်း ၆၀၂ တပ်ကိုလည်း ၆ လုံးကျဲခဲ့တာဗျ၊ အပြန်အ လှန်ပစ်ခတ်တာတော့ မရှိဘူးဗျ၊ စစ်ခွေးတွေဘက် ကတော့ လက်နက်ကြီးရော၊ လက်နက်ငယ်ရောပါ ပြန် ပစ်တာရှိတယ်ဗျ၊ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူးဗျ၊ စစ်ခွေးတွေဘက်က ထိခိုက်သေ ဆုံး၊ ပျက်စီးမှုကတော့ စုံစမ်းနေတုန်းပါပဲ” ဟု ပအိုဝ်းပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ (ခမ်း ဒေါမ်) PPDF-KD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပအိုဝ်းပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF -KD Drone Team၊ KNLA ၊ PDF ၊ KRF ၊ ကျိုက်ထို ပကဖ ၊ TPDF Drone Team နှင့် Yangon Eagle Force Drone Team တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့လည် ၃ နာရီခွဲခန့်က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် ဘီး လင်းမြို့နယ် ကြားရှိ အကြမ်းဖက်စစ်ကောင်စီ၏ သံတံတားဂိတ်နှင့် ကင်းပုန်းနေရာများကို ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား တစ်ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၆၀ မမ၊ ၈၁ မမ လက်နက်ကြီးများ၊ စက်လတ်များ လက်နက် ငယ် များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ် ခွာ နိုင်ခဲ့ကြောင်း ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD က ထုတ်ပြန် ထားသည်။

ဓာတ်ပုံ- ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ တိုက်ပွဲဝင်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article