35 C
Yangon

သွင်းကုန်လိုင်စင်နှင့် အမေရိကန်ဒေါ်လာ သုံးစွဲမှုကို စစ်ကောင်စီက ထိန်းချုပ်ထားသော်လည်း ဗိုလ်မှူးချုပ် ရန်နောင်စိုးထံ လာဘ်ပေး၍ အမေရိကန်ဒေါ်လာ ၂ သန်း နီးပါးရှိ သွင်းကုန်များ Unilever companyက တင်သွင်းခွင့်ရ

Must read

သွင်းကုန်လိုင်စင်နှင့် အမေရိကန်ဒေါ်လာ သုံးစွဲမှုကို စစ်ကောင်စီက ထိန်းချုပ်ထားသော်လည်း ဗိုလ်မှူးချုပ် ရန်နောင်စိုးထံ လာဘ်ပေး၍ အမေရိကန်ဒေါ်လာ ၂ သန်း နီးပါးရှိ သွင်းကုန်များ Unilever companyက တင်သွင်းခွင့်ရ

ရန်ကုန်၊ ဇူလိုင် ၉

အကြမ်းဖက်စစ်ကောင်စီက သွင်းကုန်လိုင်စင်နှင့် အမေရိကန်ဒေါ်လာ သုံးစွဲမှုများအားလုံးကို ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီထိပ်တန်း ဗိုလ်ချုပ်များနှင့် ရင်းနှီးသော စီးပွားရေးသမားများနှင့် ကုမ္ပဏီများမှာ ဗိုလ်ချုပ်များထံ လာ ဘ် ထိုး၍ သွင်းကုန်လိုင်စင်နှင့် အမေရိကန်ဒေါ်လာသန်းချီ၍ ဝယ်ယူခွင့်လိုင်စင် ရရှိလျက်ရှိကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းထံမှ သိရှိရသည်။

လွန်ခဲ့သည့် သီတင်းပတ်တွင် Unilever Myanmar စက်ရုံအတွက် လိုအပ်သော ကုန်ကြမ်းများ တင်သွင်းရန်အတွက် Heritage Capital Investment ကုမ္ပဏီက ပွဲစားအဖြစ် နေပြည်တော်တွင် ဗိုလ်မှူးချုပ် ရန်နောင်စိုးနှင့်သွား ရောက်သွားတွေ့ဆုံပြီး သွင်းကုန်လိုင်စင်အတွက် အမေရိကန်ဒေါ်လာ ၂ သန်းနီးပါး ဝယ်ယူတင်သွင်းခွင့် ပါမစ်ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

“သွင်းကုန်လိုင်စင်ထိန်းချုပ်ထားပေမဲ့ခရိုနီနဲ့ပတ်သက်တဲ့ လုပ်ငန်းရှင်တွေဘောမတွေ ကို လိုင်စင်တွေ ထုတ်ပေးပါတယ်။ ပြီးခဲတဲ့အပတ် က Unilever company အတွက် ကိုယ်စားလှယ် Heritage Capital Investment က နေပြည်တော်မှာ ဗိုလ်မှူးချုပ်ရန်နောင်စိုး နဲတွေ့ပြီး US Dollar လိုင်စင်၂ခုရအောင် လုပ်ပေးခဲ့တယ်။ Heritage Capital ကုမ္ပဏီက ဘောမနေတဲ့ ကိုချမ်းသာနဲ့ သူရဲအကြံပေး အမျိုးသမီး မွန်ဇာမျိုးအောင်တို့ တို့ပေါင်းလုပ်နေတာ။ ဗိုလ်မှူးချုပ် ရန်နောင်စိုးနဲ့ပေါင်းပြီး သွင်းကုန်လိုင်စင်နဲ့ ဒေါ်လာ လိုင်စင်တွေရအောင် လုပ်ပေးနေတာ။ US Dollar လိုင်စင်ဆိုတာက သွင်းကုန်အတွက် ဒေါ်လာ အသုံးပြုခွင့် လိုင်စင်။ Payment type က USDollarပါ” ဟု ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

လွန်ခဲ့သည့်အပတ်အတွင်း Unilever company အတွက် လိုအပ်နေသည့် ကုန်ကြမ်း Soda solvay (Sodium Carbonate) နှင့် Linear Alkyl Benzene sulfonic acid or sulphonic acid တင်သွင်းရန် အမေရိကန်ဒေါ်လာ ၁ သန်း ၉ သိန်း တန်ဖိုးရှိ လိုင်စင်များကို ဗိုလ်မှူးချုပ်ရန်နောင်စိုးက လာဘ်ငွေယူ၍ ချပေးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

“ဘယ်ကုမ္ပဏီကိုမှ လိုင်စင်မပေးဘူး။ ပုံမှန်company တွေ လိုင်စင် မရကြဘူး။ သူတို့နဲ့ နီးစပ်တဲ့ ၊ စစ်ဗိုလ်ချုပ်တွေကို ပေးကမ်းနိုင်တဲ့ ပတ်သက်မှုရှိတဲ့သူတွေပဲ လိုင်စင်ရနေကြတာပါ” ဟု ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက သွင်းကုန်တင်သွင်းမှုအားလုံးကို ထိန်းချုပ်လိုက်ပြီး သွင်းကုန်အများစုကို တင်သွင်းခွင့်မပေးဘဲ ပိတ်ပင်ထားကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအဝိုင်းက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ စီးပွားရေးကော်မတီတွင် အရေးပါသူ ဗိုလ်မှူးချုပ် ရန်နောင်စိုး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article