25 C
Yangon

ရေတာရှည်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ အနည်းဆုံး ၁၆ ဦးထက်မနည်းသေဆုံး

Must read

ရေတာရှည်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ အနည်းဆုံး ၁၆ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၀

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ဇူလိုင် ၃ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများ ဆက် တိုက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ အနည်းဆုံး ၁၆ ဦးထက် မနည်းသေဆုံး ကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ အိုးမြေတူးကျေးရွာမှ စစ်ကြောင်းထိုးလာသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ရှမ်းစုကျေးရွာအနီး ရေတာရှည်မြို့နယ် ပကဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ပူးပေါင်း ချေမှုန်းရေး တပ်စိတ်က ထိရောက်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ရာ တိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲဘော်များအားလုံး ဘေးကင်းကြောင်း သိရှိရသည်။

ထို့အတူ ဇူလိုင် ၅ ရက်နေ့ ည ၉ နာရီ အချိန် ရေတာရှည်မြို့နယ်တွင်ပင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများကို စည်ပိုင်းကျေးရွာနှင့် မိချောင်းအိုင်ကျေးရွာ အကြား နဂျပ်ချောင်းစပ်တွင် တော်လှန်ရေး ပူးပေါင်း ချေမှုန်းရေး တပ်စုက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ခဏတာ ပစ်ခတ်ကာ ပြန်လည်ဆုတ်သွားခဲ့ကြောင်း၊ ထိုတိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၆ ဦးခန့် သေဆုံးနိုင်ကြောင်း သိရှိရသည်။

အလားတူ ဇူလိုင် ၆ ရက်နေ့ ည ၈ နာရီအချိန် ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ စည်ပိုင်းကျေးရွာ အရှေ့ဘက် နဂျပ်ချောင်းစပ်သို့ စစ်ကောင်စီ တပ်သားများ ထပ်မံတက်လာရာ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့က စတင်ပစ်ခတ်ခဲ့ပြီး မိနစ် ၃၀ ခန့်ကြာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီက စည်ပိုင်းကျေးရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မိချောင်းအိုင်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ည ၁၁ နာရီထိတိုင်အောင် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးဘဲ တော်လှန်ရေးရဲဘော်များ အားလုံး ဘေးကင်းကြောင်း သိရှိရသည်။

စစ်ဆင်ရေးတိုက်ပွဲများကို ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄/၆နှင့် အလယ်ပိုင်းတိုင်း နေပြည်တော် စစ်ဒေသခွဲ ရိုးမစစ်ကြောင်းတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article