35 C
Yangon

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည် တော်သို့ နေ့ချင်းပြန်လာရောက်၍ မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနှင့်တွေ့ဆုံမှု သတင်း မထုတ်ပြန်ဘဲ လျှို့ဝှက်ထား

Must read

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည် တော်သို့ နေ့ချင်းပြန်လာရောက်၍ မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနှင့်တွေ့ဆုံမှု သတင်း မထုတ်ပြန်ဘဲ လျှို့ဝှက်ထား

ရန်ကုန်၊ ဇူလိုင် ၁၀

ထိုင်းနိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ Don Pramudwinai သည် ယမန်နေ့ မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနှင့်တွေ့ဆုံခဲ့မှုကို သတင်းကို မထုတ်ပြန်ဘဲ စစ်ကောင်စီက လျှို့ဝှက်ထားကြောင်း သိရှိရသည်။

ယမန်နေ့ အကြမ်းဖက်မင်းအောင်လှိုင်၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ Don Pramudwinai သည် နေပြည် တော်သို့ ယမန်နေ့ နံနက်ပိုင်း ထိုင်းစစ်တပ် အထူးလေယာဉ်ဖြင့် လာရောက်ခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ပြန်လည် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီကို အကာအကွယ်ပေး ထိတွေ့ဆက်ဆံနေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ၏ ယမန်နေ့ နေ့ချင်းပြန် ခရီးစဉ်သည် အကြမ်းဖက် မင်းအောင်လှိုင်ကို နောက်ဆုံး လာရောက်တွေ့ဆုံသည့် ခရီးစဉ်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး မတိုင်မီ လာရောက်ခြင်းလည်းဖြစ်သည်။

“ထိုင်းနိုင်ငံမှာက ဇူလိုင်လ ၁၃ ရက်နေ့ ဝန်ကြီးချုပ်ရွေးပွဲနဲ့ အစိုးရသစ်က သိပ်မကြာခင် အသက်ဝင်လာဖို့ရှိနေတော့ ဒီနေ့ခရီးစဉ်က နောက်ဆုံးခရီးစဉ်လို့ပြောလို့ရမယ်။ အစိုးရသစ်တက်ဖို့ရှိတော့ နိုင်ငံခြားရေးဝန်ကြီးကလည်း အသစ်ဖြစ်လာမှာဖြစ်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ Don Pramudwinai သည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်၍ မြန်မာ့အရေး ဆွေးနွေးပွဲကို လုပ်ဆောင်ခဲ့သဖြင့် နိုင်ငံတကာ၏ အပြင်းအထန် ဝေဖန်မှုကို ခံနေရသူလည်းဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ယခင်ခရီးစဉ်များတွင် တွေ့ဆုံခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article