25 C
Yangon

အရှေ့တီမောနိုင်ငံသို့ သွားရောက်ခဲ့သည့် NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က နိုင်ငံရေးဆိုင်ရာ သဘော တူညီချက်များ အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ဟု ထုတ်ပြန်

Must read

အရှေ့တီမောနိုင်ငံသို့ သွားရောက်ခဲ့သည့် NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က နိုင်ငံရေးဆိုင်ရာ သဘော တူညီချက်များ အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ဟု ထုတ်ပြန်

ရန်ကုန် ၊ ဇူလိုင် ၁၁

အရှေ့တီမောနိုင်ငံသို့ သွားရောက်ခဲ့သည့် NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က နိုင်ငံရေးဆိုင်ရာ သဘော တူညီချက်များကို အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ကြောင်း NUG အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တီမောလက်စတေး(အရှေ့တီမော) နိုင်ငံ သမ္မတ၏ တရားဝင်ဖိတ်ကြားချက်အရ သို့ ဇူလိုင် ၁ ရက်နေ့မှ ၅ ရက်နေ့အထိ အရှေ့တီမောနိုင်ငံသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးအပါအဝင်၊ နိုင်ငံရေးဆိုင်ရာ သဘော တူညီချက်များကို အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဒေသတွင်း နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ရေး၊ အိမ်နီးချင်း နိုင်ငံများနှင့် ပိုမိုတိုးတက်ခိုင်မာသော ဆက်ဆံရေး တည်ဆောက်နိုင်ရေး၊ ဒေသတွင်း အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ တိုးမြှင့်ဆောင်ရွက် နိုင်ရေးတို့အတွက် ရည်ရွယ်ကာ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် တီမောလက်စတေးနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ပြီး တီမောလက်စတေးနိုင်ငံ၏ သမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးများ အပါအဝင် တီမောလက်စတေး အစိုးရ ခေါင်းဆောင်များ၊ ဒေသတွင်းနိုင်ငံ ခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တီမောလက်စတေးနိုင်ငံသမ္မတမှလည်း မိန့်ခွန်းပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ချက်သမ္မတနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဦးလင်းသန့်တို့ကို ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းနှုတ်ဆက်သွားခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို တီမောလက်စတေးနိုင်ငံ၊ သမ္မတထံသို့ အမှတ်တရလက်ဆောင်အဖြစ် ပေးခဲ့ကြောင်း သိရှိရသည်။

တီမောလက်စတေးနိုင်ငံသည် လူထုတော်လှန်ရေးမှ ပေါ်ပေါက်လာသည့် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံ့ ခေါင်းဆောင်များသည် လူထုတော်လှန်ရေးခေါင်းဆောင်များ ဖြစ်သည့်အတွက် ပြည်ထောင်စု ဝန်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာပြည်သူလူထု၏ တော်လှန်ရေးကို လွန်စွာမှ အားပေးထောက်ခံပြီ ကိုယ်စားလှယ်အဖွဲ့ကိုလည်း လှိုက်လှိုက် လှဲလှဲ ရင်းရင်းနှီးနှီး ကြိုဆိုဆက်ဆံခဲ့ကာ ၎င်းတို့၏ အတွေ့အကြုံများ ကိုလည်း မျှဝေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article