35 C
Yangon

ကျောက်မဲမြို့နယ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေ

Must read

ကျောက်မဲမြို့နယ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေ

ရန်ကုန်၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာလျက်ရှိကြောင်း တအာင်းတပ်မတော် TNLA ထံမှ သိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကျောက်မဲမြို့နယ်၊ တအာင်းပြည်နယ် တပ်မဟာ ၂ စစ်ဒေသ မိုင်းငေါ့မြို့၊ နမ့်တွေကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲခဲ့ပြီး မွန်းလွဲ ၁၂ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ခလရ-၂၅၇ တပ်ရင်းက အင်အား ၇၀ ဦးဖြင့် မိုင်းငေါ့မြို့မှ တအာင်းတပ်မတော် TNLA တပ်ဖွဲ့ တည်ရှိရာ နမ့်တွေရွာဘက်ကို ထိုးစစ်ဆင် လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်​ကြောင်း သိရှိရသည်။

လက်ရှိချိန်ထိ အဆိုပါ ဒေသတွင် စစ်ရေးတင်းမာနေပြီး တစ်ဖက်နှင့် တစ်ဖက် စောင့်ကြည့်နေသည့် အခြေအနေတွင်ရှိနေကြောင်း၊၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အကြမ်းဖက်စစ်တပ်က တအာင်းတပ်မတော် TNLA လှုပ်ရှားရာနယ်မြေ ဒေသအတွင်း စစ်အင်အားများ ပိုမို တိုးချဲ့လှုပ်ရှားလျက်ရှိကြောင်း TNLA က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article