27 C
Yangon

နေပြည်တော်ကို တန်ပြန်ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေပြီး မောင်းပြန်သေနတ် အလက် ၁၀၀ စီမံချက်တွင် ပြည်သူများ ပါဝင်ကူညီကြရန် KNDF ဥက္ကဌ ခွန်ဘီထူး တိုက်တွန်း

Must read

နေပြည်တော်ကို တန်ပြန်ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေပြီး မောင်းပြန်သေနတ် အလက် ၁၀၀ စီမံချက်တွင် ပြည်သူများ ပါဝင်ကူညီကြရန် KNDF ဥက္ကဌ ခွန်ဘီထူး တိုက်တွန်း

ရန်ကုန်၊ ဇူလိုင်လ ၁၁

အကြမ်းဖက်စစ်ကောင်စီ၏ ဌာနချုပ်ဖြစ်သော နေပြည်တော်ကို တန်ပြန် ထိုးစစ်ဆင်နိုင်ရန် အတွက် စစ်ဆင်ရေးများ ပြင် ဆင်နေပြီး ပြည်သူများအနေဖြင့် ကရင်နီအိပ်မက် တစ်ခုဖြစ်သည့် “မောင်းပြန် အလက် ၁၀၀ စီမံချက်”တွင် ပါဝင်ကူညီထောက်ပံ့ကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်းဘီထူးက တိုက်တွန်း ပြောဆိုလိုက်သည်။

စစ်ကောင်စီ၏ ဌာနချုပ် နေပြည်တော်ကို ဦးတည်မည့် ပိုမိုအားကောင်းသော စစ်ဆင်ရေးများကို လုပ်ဆောင်နိုင်ရန်အတွက် နေပြည်တော်သို့ အင်အား အများ အပြားဖြင့် စစ်ကြောင်းထိုးနေသည့် ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဗျူဟာ ၁ တပ်ရင်း တပ်ဖွဲ့များကို လက်နက်များ ဖြည့်ဆည်းပေးနိုင်ရန် ပြုလုပ်လျက်ရှိသော မောင်း ၁၀၀ ကမ်ပိန်းပရော့ဂျက်အတွက် KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

“စစ်ကောင်စီရဲ့ နေပြည်တော်ရန်ကိုကျွန်တော်တို့ဘက်က ခုခံကာကွယ်တိုက်ခိုက်နိုင်ဖို့အတွက် အဓိက လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ကို ဖြည့်တင်းနိုင်ဖို့ အင်မတန်မှ အရေးကြီးပါ တယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့သုံးလ လုံး လုံး ဗျူဟာ ၁ ဘက် ပင်လောင်းဘက်ကနေ မှ ဖယ်ခုံမြို့ ပြီးရင်တော့ ဒီးမော့ဆို ဘက် ကို ထိုးဖောက်ဖို့ အကြိမ် ကြိမ် ကြိုးစား ခဲ့တယ်။အင် အား ၁,၀၀၀ ကျော် သုံးပြီးမှ ချေမှုန်းရေးတွေ အဆက်မပြတ် လုပ်ခဲ့ တယ်။လေယာဉ် တွေနဲ့ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဗျူဟာ ၁ ဘက်က ခုခံ ကာကွယ်နိုင်ခဲ့ တယ်။ အခု ချိန် မှာ ကျွန်တော်တို့ဘက်က ခုခံကာကွယ် နိုင်ရုံနဲ့ မပြီးတော့ဘဲ ဒီထက်ပို ကောင်းတဲ့ စစ် ဆင်ရေးတွေ ပြင်ဆင်နေပါတယ်”ဟု KNDF ဥက္ကဌ ခွန်းဘီထူးက ပြောကြားသည်။

ပြည်သူများအနေဖြင့်KNDF၏ ဗျူဟာ ၁ လက်အောက်ခံ တပ်ရင်းများ ပိုမိုအားကောင်း သည့် စစ်ဆင်ရေး များ ဖော်ဆောင်ရန် မောင်းပြန်အလက် ၁၀၀ ဖြည့်တင်နိုင်ရန် “ကရင်နီ အိပ်မက်” ဖေ့ဘုတ်စ်ပေ့ချ် https://www.facebook.com/profile.php?id=100092330822313… မှ တဆင့် ပါဝင်ဖြည့်တင်းပေးစေလို ကြောင်း မေတ္တာရပ်ခံထားသည်။

“ဗျူဟာ ၁ ဘက်ကို မောင်းပြန်အလက် ၁၀၀ ကူနိုင်ဖို့အတွက် အထူးအလှူခံလိုပါတယ်။ ဒီစစ်ဆင်ရေး တွေ ကတော်လှန်ရေး ၂၀၂၃ ရဲ့ အလှည့်အပြောင်းတွေ ဖြစ်လာနိုင်မှာ ဖြစ်တဲ့အတွက် ဒီ မောင်းပြန် ၁၀၀ ခန့်မှန်းခြေသိန်းတစ်သောင်းအထိ ပါဝင်ကူညီနိုင်ဖို့ အထူးတိုက်တွန်းလိုပါတယ်”ခွန်းဘီထူးက ပြော ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article