35 C
Yangon

မူဆယ်မြို့နယ်တွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး TNLA တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

Must read

မူဆယ်မြို့နယ်တွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး TNLA တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇူလိုင် ၁၂

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် မူဆယ်မြို့နယ်၊ နမ့်တောင်ကျေးရွာတွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇ စစ်ကြောင်းသည် လုံခန်ကျေးရွာဘက်ကို တက်လာစဥ် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး TNLA တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း၊ ဇူလိုင်လအတွင်း အကြမ်းဖက် စစ်တ်နှင့် တအာင်းတပ်မတော် TNLAတို့ မိုင်းငေါ့မြို့နယ်တွင် ၁ ကြိမ်၊ မူဆယ်မြို့နယ်တွင် ၁ ကြိမ် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့​ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article