29 C
Yangon

ကွတ်ခိုင်မှ မူဆယ်သို့ တက်လာသည့် စစ်တပ် ယာဥ်တန်းကို KIA တပ်ဖွဲ့က တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ကား ၂ စီးပျက်စီး

Must read

ကွတ်ခိုင်မှ မူဆယ်သို့ တက်လာသည့် စစ်တပ် ယာဥ်တန်းကို KIA တပ်ဖွဲ့က တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ကား ၂ စီးပျက်စီး

ရန်ကုန်၊ ဇူလိုင် ၁၂

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မှ မူဆယ်သို့ တက်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို KIA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ကား ၂ စီးပျက်စီးခဲ့ကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရသည်။

ဇူလိုင်လ ၁၁ ရက်နေ့ ည​နေ ၄ နာရီခန့်တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ဘက်မှ မူဆယ်ဘက်သို့ တက်လာ​သည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ မှ စစ်ကား ၁၀ စီးပါ ယာဥ်တန်းကို KIA တပ်ဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ကချင်လွတ်​မြောက်​ရေး တပ်မ​​တော် KIA ၊ တပ်မဟာ ၄ ၊ အမှတ် ၈ တပ်ရင်းတပ်ဖွဲ့များက ​စောင့်ကြို တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်​​ကား ၂ စီး ထိခိုက် ပျက်စီးကာ စစ်သား ၈ ဦး​သေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ကျန်ရှိနေသော စစ်ကား ၈ စီးသည် မောင်းပြေးပြီး လမ်းရှိ ပြည်သူများ၏ ကားများကို အရှိန်ဖြင့်ဝင်တိုက်၍ နမ့်ဖက်ကာ ၁၂၃ တပ်ရင်းကို မောင်း​ပြေး သွား​ကြောင်း၊ မောင်းပြေးသွားသော စစ်ကားများ ဝင်တိုက်​သော​ကြောင့် ပြည်သူ အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article