37 C
Yangon

မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်ရှိ ဆိုင်ခန်း ၃၃ ခန်းကို မီးရထားပိုင်မြေ၌ ဆောက်လုပ်သည်ဟုဆိုကာ ၅ ရက်အတွင်း ဖယ်ရှားခိုင်း

Must read

မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်ရှိ ဆိုင်ခန်း ၃၃ ခန်းကို မီးရထားပိုင်မြေ၌ ဆောက်လုပ်သည်ဟုဆိုကာ ၅ ရက်အတွင်း ဖယ်ရှားခိုင်း

ရန်ကုန်၊ ဇူလိုင် ၁၅

ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်ရှိ ဆိုင်ခန်း ၃၃ ခန်းကို မီးရထားပိုင်မြေ၌ ဆောက်လုပ်သည်ဟုဆိုကာ ၅ ရက်အတွင်း ဖယ်ရှားခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း စက်ဘီးစက်ရုံ‌ ရှေ့ဝန်ထမ်း သက်သာ ဆိုင်ခန်း ၃၃ ခန်းကို မီးရထားပိုင်​မြေ၌ ဆောက်လုပ်ထားသည်ဟုဆိုကာ မြန်မာ့မီးရထား တိုင်းတာဝန်ခံက ဇူလိုင်လ ၁၇ ရက်နေ့ နောက်ဆုံးထားကာ ၅ ရက်အတွင်း ဖယ်ရှားခိုင်းကြောင်း သိရသည်။

” အထက်ပုဇွန်တောင်လမ်း စက်ဘီးစက်ရုံ‌ အနောက်ရှိ ရှေ့မျက်နှာစာ ဆိုင်ခန်း ၁၃ ခန်းနဲ့ အနောက် ဘက်ခြမ်းမှာရှိတဲ့ ဆိုင်ခန်း ၂၀ ကျော်ကို ၅ ရက်အတွင်း ဖျက်ခိုင်းနေတယ်။ မနက်က မြန်မာ့မီးရထားက လူကြီးတွေလာပြီး မဖျက်သေးဘူးလား လုပ်နေလို့ ခု ဖျက်သင့်တာတွေ ဖျက်နေရတယ် ဆိုင်ခန်းတွေ ဖွင့်လှစ်ထားတာက သက်တမ်း ၂၅ နှစ်ကျော်ပါပြီ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article