33 C
Yangon

သာစည်မြို့နယ်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

သာစည်မြို့နယ်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၆

မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ အမှတ် ၃ ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စစ်သားဟောင်း ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း THAZI People’s Defence Force TZ PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် သာစည်မြို့နယ်၊ အမှတ် ၃ ရက်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စစ်သားဟောင်း ဇော်ဝင်း ကို သာစည်မြို့နယ် တော်လှန်ရေးအင်အားစုများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီ အလိုကျ လောင်းကစားလုပ်သူများ၊ မူးယစ်ဆေး ရောင်းဝယ်မှု ပြုလုပ်သူများကို ၎င်းကိုယ်တိုင် ဆက်ကြေး ကောက်ခံကာ မပေးသူများကို စစ်တပ်ခေါ် ဖမ်းဆီးခိုင်းကြောင်း၊ နာရေးအိမ်ကအစ ပိုက်ဆံတောင်းခံခြင်း၊ ကောင်းရောင်း ကောင်းဝယ် လုပ်စားနေသူများကို အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးခြင်းကြောင့် ဒေသပြည်သူများက ကာကွယ်ရေး တပ်ဖွဲ့ထံ တိုင်ကြားလာသောကြောင့် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယင်း လုပ်ဆောင်မှုကို သာစည်မြို့နယ် ပြည်သူ့တော်လှန်ရေး အင်အားစုများမှ လုပ်ဆောင်ခဲ့ခြင်းကြောင်း၊ ထို့ပြင် သာစည်မြို့နယ် အတွင်းမှာရှိ စစ်တပ် ဥက္ကဌများ၊ ရာအိမ်မှူးများ၊ ပျူစောထီးများနှင့် လက်ပါးစေများ ပြည်သူ့ဘက် အမြန်ဆုံး ရပ်တည်ရန် သာစည်မြို့နယ် ပြည်သူ့တော်လှန်ရေးအင်အားစု တာဝန်ခံ-ဗိုလ်နဂါးလေးမှ သတိပေးပြောဆိုထား​သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article