36 C
Yangon

ကမ္မမြို့ပေါ်တွင် PDF တပ်ဖွဲ့များ လက်နက်ချရန် စစ်တပ်က ရေးသားထားသော ဆိုင်းဘုတ်ကို ဖြုတ်ချပြီး စစ်သားများ အလင်းဝင်ရန် ဆိုင်းဘုတ်သစ် ပြန်ထောင်

Must read

ကမ္မမြို့ပေါ်တွင် PDF တပ်ဖွဲ့များ လက်နက်ချရန် စစ်တပ်က ရေးသားထားသော ဆိုင်းဘုတ်ကို ဖြုတ်ချပြီး စစ်သားများ အလင်းဝင်ရန် ဆိုင်းဘုတ်သစ် ပြန်ထောင်

ရန်ကုန်၊ ဇူလိုင် ၁၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်တွင် PDF တပ်ဖွဲ့များ လက်နက်ချရန် စစ်တပ်က ရေးသားထားသော ဆိုင်းဘုတ်ကို ဖြုတ်ချပြီး စစ်သားများ အလင်းဝင်ရန် ဆိုင်းဘုတ်သစ် ပြန်ထောင်ခဲ့ကြောင်း People’s Defense Force Kamma မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့ ည ၈ နာရီ မိနစ် ၃၀ ခန့်တွင် ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ် တစ်နေရာ၌ People`s Defense Force Kamma အဖွဲ့မှ အကြမ်းဖက် စစ်တပ်မှ စိုက်ထူးထားသည့် PDF တပ်ဖွဲ့များ လက်နက်ချရန် ရေးသားထားသော ဆိုင်းဘုတ်ကို PDF Kamma ရဲဘော်များက မီးရှို့ ရှင်းလင်းခဲ့​ကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်နေရာ၌ PDF Kamma ရဲဘော်များက “စစ်အာဏာရှင်လက်အောက် ယခုထိ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းအပေါင်းနှင့် ပြည်သူ့စစ် ပြည်သူ့ရဲအပေါင်းတို့ လက်ရှိဖြစ်ပေါ်နေသော အခြေနေအရပ်ရပ်အား မိမိတို့၏ ဆင်ခြင်တုံတရားအသိဥာဏ်ဖြင့် သုံးသပ် ၊ ဆုံးဖြတ်၍ စစ်အာဏာရှင်လက်အောက်မှ အမြန်ရုံးထွက် ပြည်သူ့ဘက်တော်သားအဖြစ် ခံယူလာပါရန်နှင့် ရုန်းထွက်ပူးပေါင်းလာသူများအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ အမြဲကိုဆိုလျက်ရှိပါကြောင်း အသိပေး ကြေညာအပ်ပါသည်” အကြမ်းဖက် စစ်သားများ အမြန်ဆုံး အလင်းဝင်ရန် ဆိုင်းဘုတ် ပြန်လည် စိုက်ထူခဲ့ကြောင်း သိရှိရသည်။

“အကြမ်းဖက် စစ်တပ်က ထုတ်ပြန်ထားတဲ့ သတိပေးချက်ကို PDF ရဲဘော်တွေက ဆန့်ကျင်ပြီး စစ်ခွေးတွေကို ပြန်လည် သတိပေးလိုက်တာပါ။ အဲဆိုင်းဘုတ်က ကမ္မမြို့ပေါ်မှာရှိတာ ကမ္မမြို့ စျေး အနီးမှာပါ” ဟု People’s Defense Force Kamma မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article