28 C
Yangon

တောင်တွင်းကြီးမြို့နယ်၊ ပုဂံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်ဆင့် ပစ်ခတ်ခံရပြီး သေဆုံး၊ တာချီလိတ်တွင်လည်း စစ်ကောင်စီခန့် ဆယ်အိမ်မှူး ပစ်သတ်ခံရ

Must read

တောင်တွင်းကြီးမြို့နယ်၊ ပုဂံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်ဆင့် ပစ်ခတ်ခံရပြီး သေဆုံး၊ တာချီလိတ်တွင်လည်း စစ်ကောင်စီခန့် ဆယ်အိမ်မှူး ပစ်သတ်ခံရ

ရန်ကုန်၊ ဇူလိုင် ၁၈

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပုဂံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်ဆင့် ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Magway Guerrilla Warfare မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ ပုဂံကုန်းကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်ဆင့် ကို တောင်တွင်းကြီးမြို့အနီး တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၂ ချက် ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ကျော်ဆင့်သည် ၎င်းသားဖြစ်သူ စစ်တပ်မှ အရာရှိတစ်ဦး၏ အရှိန်အဝါဖြင့် စစ်သား၊ ရဲများဖြင့် ပူးပေါင်းကာ ပြည်သူလူထုကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်သူဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Magway Guerrilla Warfare မကွေးပြောက်ကျား တပ်ဖွဲ့ နှင့် ဒေါင်းစစ်သည်ပြောက်ကျား နတ်မောက် တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆေးခမ်းရပ်ကွက်နေ ဆယ်အိမ်မှူး စိုင်းနောင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း ၊ တာချီလိတ်မြို့နယ်၊ ဆေးခမ်းရပ်ကွက်နေ ဆယ်အိမ်မှူး စိုင်းရှဲန်(ခ)စိုင်းနောင် သည် အုပ်ချုပ်ရေးမှူးရုံးလမ်းကြား၌ လမ်းလျှောက်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article