26 C
Yangon

မြင်းမူမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၈ ခုမှ အိမ်ခြေ ၆၀၀ နီးပါး ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁၅ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ မဲနောကျေးရွာ မီးရှို့မှုတွင် အိမ်ခြေ ၅၀ ကျော်ပြာကျခဲ့

Must read

မြင်းမူမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၈ ခုမှ အိမ်ခြေ ၆၀၀ နီးပါး ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁၅ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ မဲနောကျေးရွာ မီးရှို့မှုတွင် အိမ်ခြေ ၅၀ ကျော်ပြာကျခဲ့

ရန်ကုန်၊ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၈ ရွာမှ အိမ်ခြေ ၆၀၀ နီးပါးကို ယခုရက်ပိုင်းအတွင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့နှင့်ဒေသပြည်သူများက ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့မှစတင်၍ ယခုအချိန်အထိ မြင်းမူမြို့နယ်အတွင်းသို့ စစ်တပ်စစ်ကြောင်းများ ဝင်ရောက်လာပြီး တစ်ရွာဝင် တစ်ရွာထွက် လှည့်လည်၍ မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်စစ်ကြောင်းက ဇူလိုင်လ ၆ ရက်နေ့တွင် နဘဲကြူးကျေးရွာမှ ပြည်သူ ၄ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ဇူလိုင်လ ၇ ရက်နေ့တွင် ငါးကင်းရွာသား ၃ ဦး၊ ကံသုံးဆင့်ရွာသား ၁ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းနောက် ခွက်ခွင်းရွာထဲတွင် တပ်စွဲထားစဉ် ဓားစာခံ ပြည်သူ ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ထားခဲ့ခြင်းဖြင့် စုစုပေါင်း ပြည်သူ ၁၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဆပ်ပြာကျင်းကျေးရွာတွင် တပ်စွဲထားရာမှ နံနက် ၂ နာရီခွဲမှ စတင်ကာ ရုန်းကား၊ကန်စွယ်ကျေးရွာများသို့ စစ်ကြောင်းထိုးပြီး ပြည်သူ ၁၀ ဦးခန့်ကို ဓားစာခံ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုအနေဖြင့် ဇူလိုင်လ ၇ ရက်နေ့တွင် ဂုံညှင်းဆိပ်ကျေး ရွာမှ အိမ်ခြေ ၂၃၁ လုံးကိုလည်း ကောင်း၊ ငါးကင်းတောင်ရွာ၊ ရွာမကျေးရွာ၊ ငါးကင်းမြောက်ရွာ ၃ ရွာမှ အိမ်‌ခြေ ၃၀၀ ကိုလည်းကောင်း၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် မဲနောကျေးရွာမှ အိမ်ခြေ ၅၀ ကျော်ကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇူလိုင်လ ၆ ရက်နေ့ စစ် ကြောင်းထိုးချိန်မှစတင်၍ ယနေ့အချိန်အထိ အိမ်ခြေ ၆၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို ခွေးဝတ်စုံများဝတ်ဆင်ပေးထားတယ်။ ဇူလိုင်လ ၁၆ ရက်နေ့က အိမ်‌ခြေ ၄၀၀ ကျော်ရှိတဲ့ မဲနောရွာမှာ စစ်တပ်က မီးရှို့လို့ အိမ်ခြေ ၅၀ ခန့်မှ ရွာတစ်ဝက်လောက် မီးလောင်နိုင်တယ်။ စာရင်းအတိအကျ မသိရသေးဘူး။ လူမှု‌ကူညီရေးမီးသတ်အဖွဲ့တွေ့ သွားရောက်မီးငြိမ်းသတ်ပေးခဲ့ပါတယ်။ ပြည်သူတွေကတော့ ပြေးနေရတာ ရက်တွေရှည်ကြာလာတော့ မိုးထဲလေထဲ ဒုက္ခရောက်နေကြတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article