28 C
Yangon

သထုံ၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကျောင်း၊ ဆေးခန်းနှင့် နေအိမ်များ ပျက်စီး၊ ညောင်လေးပင်တွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးရ

Must read

သထုံ၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကျောင်း၊ ဆေးခန်းနှင့် နေအိမ်များ ပျက်စီး၊ ညောင်လေးပင်တွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးရ

ရန်ကုန်၊ ဇူလိုင် ၁၇

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး စာသင်ကျောင်း၊ ဆေးခန်းနှင့် နေအိမ် ၂ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ်−၃၁၄ အမြောက် တပ်ရင်းက သထုံမြို့နယ်၊ ရွှေရောင်းပြကျေးနယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ အဝန်းကြီးကျေးရွာတွင် ကျရောက် ပေါက်ကွဲပြီး ဦးမရမ်းကုန်းနှင့် ဒေါ်အပျိုကြီးတို့၏ နေအိမ် ၂ လုံး၊ စာသင်ကျောင်းနှင့် ဆေးခန်း အဆောက်ဦးအချို့ လက်နက်ကြီးကျည်စတို့ ထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်တွင် အမှတ်−၃၁၄ အမြောက်တပ်က လက်နက်ကြီး ပစ်ခတ် မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် အသက် ၅၇ နှစ်အရွယ် နော်တင်အေး သည် ဖလံတောင်ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဥ် သေဆုံးခဲ့​ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်းသည် ကေအဲန်ယူ-သထုံမြို့နယ် အုပ်ချုပ်မှုနယ်မြေရှိ ကျေးရွာများထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသပြည်သူများနှင့် နေအိမ် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိကြောင်း ကေအဲန်ယူ−ဗဟို ကထုတ်ပြန်ထားသည်။

အလားတူ ပဲခူတိုင်း ညောင်လေးပင်မြို့နယ်အတွင်း ကျေးရွာများရှိ ပြည်သူပိုင်အိုးအိမ်များကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၃ ရက်နေ့ ညောင်လေးပင်မြို့နယ် စစ်တောင်းမြစ်ဝှမ်းအနောက်ဖက်ကမ်း ဒေသ၊ ကောက်မယ်သူ ချုံအင်း ကျေးရွာကို စစ်တပ်က လက် နက်ကြီးများဖြင့် ပစ်ခတ်ရာ အိမ်ခြေ ၃ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ‌ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

ထို့ပြင် စစ်တပ်က ပေါက်တောရွာ၊ တော်ဝိရွာတို့ကို ပိန်းဇလုပ်မြို့ ၂၆၄ တပ်တွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ကျေးရွာများရှိ ပြည်သူပိုင်နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း၊ ပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့် ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာ နီးစပ်ရာသို့ စစ်ရှောင်နေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article