28 C
Yangon

တပ်မ ၃၃ မှ ထီးဆောင်းသို့ အင်အားဖြည့်ရန်လာသည့် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

Must read

တပ်မ ၃၃ မှ ထီးဆောင်းသို့ အင်အားဖြည့်ရန်လာသည့် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၈

စစ်ကိုင်းမြို့ အခြေစိုက် တပ်မ-၃၃ မှ မြင်းမူမြို့နယ်ရှိ ထီးဆောင်းစခန်းသို့ အင်အားဖြည့်ရန်လာသော အ ကြမ်းဖက် စစ်ကောင်စီ စစ်ကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Moe Nyo Revolution Force MNRFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၁၇ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်အချိန်က စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထီးဆောင်းသို့ အကြမ်းဖက်စစ်သားများ အင်အားဖြည့်ပြီး ပြန်လာစဉ် စစ်ကိုင်း – မုံရွာလမ်းပိုင်း ထီးဆောင်းရွာနှင့် ကန်ဖျားဇရပ်ကြားအရောက် ပဒေသာမိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးကား ၂ စီးကို ထိ ထိမိမိမှန်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အသွားမှာတုန်းကတော့ ကင်းပုန်းနဲ့ဆိုတော့ မိုင်းကွင်းနားရောက်အောင် မကပ်နိုင်ခဲ့ဘူး၊ အပြန်ကျမှ ဆွဲနိုင်ခဲ့တာ၊ တစ်စီးကို ၁၀ ကောင်လောက်တော့ပါတယ်၊ အပြန်အလှန်ပစ်ခဲ့တာတော့ ရှိတယ်၊ မိုင်းကွင်း တွေနားမှာ အမြဲတမ်းလို ကင်းပုန်းတွေချထားတာ၊ အရင်ကတော့ မိုင်းကွင်းနားရောက်ပြီဆိုရင် တော လမ်းအတိုင်းခြေလျင်ပဲဆင်းလျှောက်တာ၊ အခုကခိုးလာတဲ့သဘောမျိုးနဲ့ အရှိန်နဲ့လာတာ” ဟု Moe Nyo Revolution Force MNRFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို Moe Nyo Revolution Force MNRF နှင့် PENTAGRAM မဟာမိတ် ညီ နောင် များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article