28 C
Yangon

ချောင်းဦးမြို့ပေါ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသည့် စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး

Must read

ချောင်းဦးမြို့ပေါ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသည့် စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသည့် စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း အဖြူရောင် စစ်သည်တော်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် ချောင်းဦးမြို့ပေါ် သိမ်တော်တံတားအနီးရှိ ပြည်သူများထံမှ ငွေကြေး တောင်းရမ်းကာ စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သား ၁၀ ဦးကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

” ချောင်းဦးမြို့ပေါ် သိမ်တော်တံတား အနီးက စစ်ဆေးရေး လုပ်ဆောင်နေတဲ့ စစ်ခွေးတွေကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး ၄ ကောင်သေတယ်။ လက်နက် အစစ်က NUG လည်း အားကိုးလို့ မရလို့ ပြည်သူတွေ ဝိုင်းဝန်းမှ ပဲ ရနိုင်မှာပါ လက်နက် ရရင် ဒီထက် ပိုမို လုပ်ဆောင် နိုင်ပါတယ်” ဟု အဖြူရောင် စစ်သည်တော်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ChaungU Revolution Army(CRA) မုံရွာခရိုင် တပ်ရင်း ၁၅ တပ်ခွဲ ၂ တပ်စု ၅ မှ အဖြူရောင်စစ်သည်တော်များအဖွဲ့နှင့် Farmers Revolution Force (FRF) မုံရွာခရိုင် တပ်ရင်း ၈ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article