26 C
Yangon

ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာကို စစ်တပ်မှ လေယာဉ် ၅ စီးဖြင့်ဗုံးကျဲ တိုက်ခိုက်

Must read

ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာကို စစ်တပ်မှ လေယာဉ် ၅ စီးဖြင့်ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၈

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင် ၁၈ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်မှ စ၍ လေယာဉ် ၅ စီးဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မဆာတီကျေးရွာရှိ ပြည်သူ့ နေအိမ်များ လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ပျက်စီး ဆုံးရှုံးမှု များပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၁၀၀၀ ကျော်ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများထံမှသိရှိရသည်၊

အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့တို့ ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်မှ စ၍ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မိနစ် ၂၀ ခန့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း Khonu Battalion အဖွဲ့မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article