34 C
Yangon

ထိုင်းအခြေခံဥပဒေ ခုံရုံးက Moving Forward ပါတီခေါင်းဆောင်ကို လွှတ်တော် အမတ်တာဝန်မှ ဆိုင်းငံ့ရပ်ဆိုင်း

Must read

ထိုင်းအခြေခံဥပဒေ ခုံရုံးက Moving Forward ပါတီခေါင်းဆောင်ကို လွှတ်တော် အမတ်တာဝန်မှ ဆိုင်းငံ့ရပ်ဆိုင်း

ရန်ကုန်၊ ဇူလိုင် ၁၉

ထိုင်းနိုင်ငံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုင်းပြည်သူအများစုထောက်ခံနေသော ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ကို လွှတ်တော်အမတ်အဖြစ်မှ ယနေ့ ဆိုင်းငံ့လိုက်ကြောင်း သိရှိရသည်။

ဘုရင်စနစ်နှင့်ပတ်သော ဥပဒေများကို ပြုပြင်မည်ဆိုသော ကြွေးကြော်သံဖြင့် အမတ်နေရာအများစု အနိုင်ရရှိပြီး ထိုင်းပြည်သူအများစုထောက်ခံနေသော Move Forward ပါတီခေါင်းဆောင် Pita Limjaroenratသည် ထိုင်းလွှတ် တော်တွင် ယနေ့ ဒုတိယအကြိမ်အဖြစ် ဝန်ကြီးချုပ်ရာထူးနေရာရယူရန် ကြိုးပမ်းနေစဉ် အမတ်အဖြစ်မှ ဆိုင်းငံ့ခံရခြင်းဖြစ်သည်။

မီဒီယာရှယ်ယာများ ပိုင်ဆိုင်သည်ဆိုသော စွပ်စွဲချက်ဖြင့် ထိုင်းအခြေခံဥပဒေဆိုင်ရာ ခုံရုံးက Pita Limjaroenrat ကို အမတ်အဖြစ်မှ ရပ်ဆိုင်း ဆိုင်းငံ့ခံရ ခြင်းဖြစ် ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့ ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်နေရာအတွက် Pita Limjaroenrat က မဲခွဲ ခဲ့ပြီး လုံလောက်သော ထောက်ခံမဲ မရသဖြင့် ဝန်ကြီး ချုပ် အဖြစ် လုပ်ကိုင်ခွင့်မရရှိခဲ့ပေ။

- Advertisement -spot_img

More articles

1 COMMENT

  1. ယုတ်မာမှုကတော့ အာဏာရူးတိုင်း အတူတူချည့်ဘဲနော်..
    အာဏာရှင် ခန့်​ထားတဲ့ ရုံးဆိုတော့လဲ သူတို့ အလိုကျဘဲပေါ့..😡
    Pita က လွှတ်တော်ကိုယ်စားလှယ် ဖြစ်တာ ပြီးခဲ့တဲ့ လေးနှစ်သက်တမ်း ကထဲက..
    Election တုံးကလဲ ဘာသံမှ မထွက်ခဲ့ဘူး..
    အခု သူတို့ပါတီ နိုင်တော့မှ.. ဒါမျိုးလုပ်တာ အောက်တန်းကျတဲ့အပြင် အရှက်မရှိတာ.. ယုတ်မာညစ်စုတ်တာ.. သိပ်ထင်ရှားလွန်းတယ်..
    တကဲ့ အောက်တန်းစား အမူအကျင့်တွေ..

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article