32 C
Yangon

ရွှေကူမြို့နယ်၊ ဆင်တပ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးခန့်သေဆုံး

Must read

ရွှေကူမြို့နယ်၊ ဆင်တပ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးခန့်သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၁

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဆင်တပ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ် သား ၁၀ ဦးခန့်သေဆုံးပြီး ၁၅ ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့လှ KPDF တပ်ဖွဲ့ထံမှ သိရှိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၅ နာရီ ခန့်က အင်အား ၁၀၀ ခန့်ဖြင့် ရွှေကူမြို့နယ် ကျောက်ကြီး ကျေးရွာမှ ထွက်လာကာ ဧရာဝတီမြစ်ရိုးတလျှောက်ကိုလှည့်လည်ပြီး ရွှေပဒေသာကျေးရွာမှ ပြည်သူ ပိုင်နွား၊ ကြက်များကို သတ် ဖြတ်စားသောက်ခဲ့ကြပြီး ညနေ ၄ နာရီခန့်၌ ဆင်တပ်ရွာကို ဆက်လက် စစ်ကြောင်းလာသော အကြမ်းဖက်စစ်ကြောင်းကို မြို့လှ KPDF တပ်ရင်းမှ ညနေ ၄ နာရီ မိနစ် ၄၀ ခန့် တွင် အသင့်စောင့်ကြို၍ ၂ ကြိမ်မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သေ ဆုံး ပြီး ၁၅ ဦး ခန့်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးဒဏ်ရာရ စစ်သားများကို ညနေပိုင်း ၆ နာရီခန့်တွင် ပြည်သူပိုင်စက်လှေများကို ချောဆွဲ ကာ ရွှေကူမြို့ဘက်သို့ ချက်ချင်းသယ်ယူပြီး ခလရ ၅၆ တပ်အတွင်းသို့ သယ်ဆောင်သွား သည်ဟုဆိုသည်။

အကြမ်းဖက်စစ်ကြောင်းမှာ အင်အား ၄၀ ခန့်ပါ ဗိုလ်မှူးကိုကိုနိုင်ဦးစီးသော တပ်မ ၈၈ လက် အောက်ခံ ခလရ ၁၀ အဖွဲ့နှင့် အင်အား ၆၀ ခန့်ပါ တပ်ရင်းမှူး ထွန်းရန်နိုင်၊ ဒုတပ်ရင်းမှူး အေင်လင်း ထွန်း ဦးစီး သော ခမရ ၄၁၅ အကြမ်းဖက် စစ်ကောင်စီတပ်ရင်းတို့ဖြစ်ပြီး ခမရ ၄၁၅ စစ်ကြောင်းမှာ လွန် ခဲ့သော ၅ လပိုင်းက ရွှေကူမြို့နယ်ရေလဲကျေးရွာရှိ နေအိမ် ၄၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့သော စစ်တပ်ဖြစ် ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြို့လှ K-PDF တပ်ရင်း ဗိုလ်မိုးကြိုး ဦးစီးကွပ်ကဲသော တပ်စုမှူး ဗိုလ်ဂဠုန်နှင့် တပ်စိတ်မှူး ကျားလေး တို့အဖွဲ့များမှ မြို့လှ K-PDF တပ်ခွဲ ၁ အဖွဲ့ မြို့လှ တပ်ရင်းထုတ် မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း မြို့လှ K-PDF ကထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article