35 C
Yangon

စစ်ကောင်စီဝင် အောင်ကျော်မင်း၊ ပိုးရယ်အောင်သိန်း၊ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ဝန်ကြီး မြင့်ကြိုင်၊ ပွင့်ဆန်းနှင့် သက်ခိုင်ဝင်းတို့ကို ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူ

Must read

စစ်ကောင်စီဝင် အောင်ကျော်မင်း၊ ပိုးရယ်အောင်သိန်း၊ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ဝန်ကြီး မြင့်ကြိုင်၊ ပွင့်ဆန်းနှင့် သက်ခိုင်ဝင်းတို့ကို ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူ

ရန်ကုန်၊ ဇူလိုင် ၂၁

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ကျူးလွန်နေသဖြင့် စစ်ကောင်စီ အဖွဲ့ဝင် ၂ ဦး၊ ဝန်ကြီး ၃ ဦးနှင့် ဒုဗိုလ်ချုပ်ကြီး ၁ ဦးကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီဝင်များဖြစ်ကြသည့် အောင်ကျော်မင်း၊ ပိုးရယ်အောင်သိန်းတို့ကိုလည်းကောင်း၊ ဝန်ကြီး ၃ ဦးဖြစ်သည့် လ၀က ဝန်ကြီး မြင့်ကြိုင်၊ အလုပ်သမားဝန်ကြီး ပွင့်ဆန်း၊ ကျန်းမာရေးဝန်ကြီး ပွင့်ဆန်း တို့ကို လည်းကောင်း၊ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း စုစုပေါင်း ၆ ဦးတို့ကို ပိတ်ဆို့ အရေးယူလိုက်ကြောင်း၊ ထို့ပြင် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းကိုလည်း စီးပွားရေးပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း သိရှိရသည်။

ဥရောပသမဂ္ဂက စစ်ကောင်စီဘက်မှ ၉၉ ဦးနှင့် လုပ်ငန်း ၁၉ ခုကို အရေးယူခဲ့ပြီးဖြစ်ကြောင်း ၊ စစ်လက်နက်ပစ္စည်း များ တင်ပို့ရောင်းချမှု၊ စစ်သင်တန်းနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ရပ်ဆိုင်းထားကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article