27 C
Yangon

KNU မူးမြို့နယ်၊ နိုကူးရွာရှိ နေအိမ် ၂၇ လုံး နှင့် ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

KNU မူးမြို့နယ်၊ နိုကူးရွာရှိ နေအိမ် ၂၇ လုံး နှင့် ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၂၁

KNU မူးမြို့နယ်၊ နိုကူးရွာရှိ ပြည်ပိုင်နေအိမ် ၂၇ လုံးနှင့် ပြည်သူပိုင် ပစ္စည်းများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၇၇ နှင့် နယ်ခြားစောင့်တပ် B.G.F တို့ ပူးပေါင်းပြီး နိုကူးကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂၇ လုံး၊ တဲ ၁၁ လုံး၊ စပါးကျီ ၁၆ လုံး၊ ထင်းစင် ၇ စင်၊ ဆိုင်ကယ် ၅ စီး၊ စက်ဘီး ၃ စီး၊ မီးစက် ၁ လုံးနှင့် ဝက်ခြံ ၁ ခြံတို့ကို မီရှို့ဖျက်ဆီးကာ လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၂၇ လုံး၏ ပိုင်ရှင်များမှာ စောကြည်စိုး ၊ စောလွဲ ၊ စောဝင်းနီ ၊ စောဂေါင်းလေး ၊ နော်တာအေးဖိုး ၊ တီးကော်လာသူး ၊ စောစံချို (၈) စောသာကြည်ဦး ၊ စောစန်းအောင် ၊ နော်ချိုဖိုး ၊ နော်နေဘူမူး ၊ စောဝါး ၊ နော်ဝါးဝါး ၊ စောစတိုင် ၊ နော်ကြူကြူမြင့် ၊ စောမြတ်ထွန်း ၊ စောအယ်ဂေထူး ၊ စောမောင်ကျား ၊ စောမောင်ဒုတ် ၊ စောဘိုးဘိုး ၊ စောဇော်ဝင်း ၊ စောခွါးခွါး ၊ စောမောင်ဝါး ၊ နော်စိန်စိန် ၊ နော်ပန်းငွေ ၊ စောစောဂေ နှင့် စောရွှေဝါထွန်း တို့ဖြစ်ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရသည့် တဲ ၁၁ လုံး၏ ပိုင်ရှင်များမှာ စောကြည်စိုး ၊ နော်တာအေးဖိုး ၊ တီးကော်လာသူး ၊ နော်ချိုဖိုစောအောင်ချို ၊ စောနေဘူမူး ၊ စောဝါး ၊ စောစတိုင် ၊ စောဝါးတူ ၊ စောဘိုးဘိုး ၊ စောကစယ်ခို တို့ဖြစ်ကြောင်း၊ ထို့ပြင် စောစန်းအောင် ၊ စောသံတုံး ၊ စောသာလွဲ ၊ စေသာဘိုးဘိုး နှင့် စောအယ်ဂေထူး တို့ ၏ ဆိုင်ကယ် (၅) စီး နှင့် စောဖိုးဒစော ဘိုးဘိုး ၏ စက်ဘီး ၃ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နိုကူးကျေးရွာသည် ၂၀၂၂ ခုနှစ် အစောပိုင်း ကတည်းက စတင်ကာ ဒေသပြည်သူများ စစ်ဘေးရှောင်နေရပြီး လက်ရှိချိန်အထိ ကျေးရွာအတွင်းသို့ ပြည်လည် နေထိုင်နိုင်ခြင်းမရှိသေးကြောင်း၊ KNU မူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ ပြည်သူများ အတွက် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ပေးလိုလျှင် ကေအဲန်ယူ−သတင်းနှင့် ပြန်ကြားရေး (ဗဟို) သို့မဟုတ် ကရင်ပြည်တွင်းနေရပ် စွန့်ခွာ ရသူများကော်မတီ (C.I.D.K.P) သို့ ဆက်သွယ်ကူညီနိုင်ကြောင်း KNU −ဗဟို က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article