38 C
Yangon

ကျုံဒိုးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးဒဏ်ရာရ၊ မြိုင်ရှိ ကန်ကလေးရွာမှ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား

Must read

ကျုံဒိုးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးဒဏ်ရာရ၊ မြိုင်ရှိ ကန်ကလေးရွာမှ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ ဇူလိုင် ၂၁

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ရွှေဝါချောင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သော​ကြောင့် ကလေးငယ် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် မုဒုံ−ခုနှစ်ခွေတောင်ရှိ အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၃ က ၁၂၀ မမ လက်နက်ကြီးများဖြင့် ရွှေဝါချောင်ကျေးရွာကို ပစ်ခတ်ခဲ့သောကြောင့် အသက် ၈ နှစ်အရွယ် ထွန်းထွန်းမှာ ဘယ်ဘက်နားထင် ကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး အသက် ၆ နှစ်အရွယ် မောင်ဇာနည်လင်း မှာ ဦးခေါင်း ကျည်စ ထိမှန် စိုးရိမ်ရ ဒဏ်ရာဖြင့် ဆေးရုံသို့အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။

ကျုံဒိုးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ နေထိုင်သည့် ကျေးရွာများ အတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသပြည်သူ စိုးရိမ် ထိတ်လန့်စွာ နေထိုင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကန်ကလေးရွာမှ ပြည်သူပိုင် ပစ္စည်းများကို အကြမ်းဖက် စစ်တပ်က ခိုးယူပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မြိုင်မြို့နယ်၊ ကန်ကလေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ဖုန်းအလုံး ၂၀ ခန့်အပြင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသွားကာ ဒေသ ပြည်သူ အမျိုးသား ၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

” စစ်ခွေးတွေက ပစ္စည်းတွေ မွှေနှောက်ပြီး ခိုးယူသွားတယ်။ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်” ဟု နွေဦးတော်လှန်ရေး-မြိုင်မြို့အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သရက်ကန်ပျူစောထီးရွာကို နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ဝင်ရောက် သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article