36 C
Yangon

လားရှိုးမြို့၊ မန်ဂန်ရွာအနီး MNDAA နှင့် စစ်တပ် တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦး ထိခိုက် သေဆုံး

Must read

လားရှိုးမြို့၊ မန်ဂန်ရွာအနီး MNDAA နှင့် စစ်တပ် တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦး ထိခိုက် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၁

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ မန်ဂန်ရွာအနီး MNDAA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် The Kokang ထံမှ သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် လားရှိုးမြို့မန်ဂန်ရွာအနီး၌ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ၏ တပ်မဟာ ၆၁၁ နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ အခြေစိုက် အကြမ်းဖက်စစ်တပ်၏ ၆၈ တပ်ရင်းသည် အင်အား ၄၀ ကျော်ခန့်ဖြင့် MNDAA ၏ တပ်မဟာ ၆၁၁ တပ်ဖွဲ့ အနီးကို ချဥ်းကပ်လာခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရန် မဟာမိတ် တပ်ဖွဲ့ငယ်တစ်ခု စေလွှတ်ပြီးနောက် ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၅ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article