33 C
Yangon

ကန်ပက်လက်မြို့နယ်၊ မှန်တောင်လမ်းခွဲတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

ကန်ပက်လက်မြို့နယ်၊ မှန်တောင်လမ်းခွဲတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၂

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မှန်တောင်လမ်းခွဲတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်တပ်ရင်း ၆ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၃၀၄ နှင့် တပ်မ ၈၈ မှ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မှန်တောင်လမ်းခွဲတွင် စောင့်ကြို တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ခန့် အနီးကပ် ဖြစ်ပွားကာ ရှေ့ပွိုင့် အဖြစ် တက်လာသည့် စစ်သား ၆ ဦးထက်မနည်း သေဆုံး​ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ခေါနုတပ်ရင်း CDF ၊ မင်းဘူးခရိုင် တပ်ရင်း ၃ ၊ တပ်ရင်း ၆ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article