29 C
Yangon

ဝက်လက်မြို့နယ်၊ ဟန်လင်းမြို့ဟောင်း၌ တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ဝက်လက်မြို့နယ်၊ ဟန်လင်းမြို့ဟောင်း၌ တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းမြို့ဟောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေ ဘိုခရိုင်တပ်ရင်း ၁၅ (Eagles Guerilla Force) မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းက ဟန်လင်းမြို့ဟောင်း၌ တပ်စွဲပြီး အနီးအနားကျေးရွာများကို လက် နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးလှုပ်ရှားကာ ပြည် သူများကို ဖမ်းဆီးခြင်း၊ နေအိမ် များဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများခိုးယူခြင်းတို့လုပ်ဆောင်နေသော အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို ဒရုန်းဖြင့် ဗုံးသီး ၅ လုံး၊ ရော့ကတ်ဒုံးဖြင့် ကျည် ၈ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၂ ကောင်သေတယ်၊ ၇ ကောင်ဒဏ်ရာရတယ်၊ ဒရုန်းနဲ့က ဗုံးသီး ၅ လုံး၊ ရော့ကတ်နဲ့က ၈ လုံးတိုက်ခိုက် ခဲ့တာ၊ ခွေးတွေက ၆၀ မမ ၃ လုံး၊ စက်ကလေး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်တာတွေတော့ရှိတယ်၊ ကျည် ထောက်ပို့လာထားတာက မကြသေးတော့ ခွေးတွေက ကျည်သောင်းဂဏန်းကျော်လောက်ရှိ တယ်၊ ကျည်ထောက်ပို့လုပ်ပြီးတော့ ခွေးတွေလဲ အပြောင်းအလဲလုပ်သွားတယ်လို့ သိရတယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Eagles Guerilla Force) မှ ဗိုလ်ကောက်ရိုးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့)၊ ကျောက် ဆည် ခရိုင် နဂါးနီတပ်ရင်း တပ်ရင်း ၁ ၊ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့(လေသူရဲဒရုန်းတပ်ဖွဲ့) တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာ နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article