38 C
Yangon

စစ်ကောင်စီက ဗိုလ်မှူး ၅ ဦးနှင့် ဗိုလ်ကြီး ၁၅ ဦးတို့ကို မြန်မာ့စီးပွားရေးဘဏ်ခရိုင်ဘဏ်ခွဲ တာဝန်ခံနှင့်ဒုတိယတာဝန်ခံများအဖြစ် ခန့်အပ်

Must read

စစ်ကောင်စီက ဗိုလ်မှူး ၅ ဦးနှင့် ဗိုလ်ကြီး ၁၅ ဦးတို့ကို မြန်မာ့စီးပွားရေးဘဏ်ခရိုင်ဘဏ်ခွဲ တာဝန်ခံနှင့်ဒုတိယတာဝန်ခံများအဖြစ် ခန့်အပ်

■ စစ်တပ်မှ အရာရှိများ အများအပြားကို ဝန်ကြီးဌာနအသီးသီး၏ ထိပ်ပိုင်းရာထူးများသို့ အလုံးအရင်းဖြင့် ပြောင်းရွှေ့နေ

ရန်ကုန်၊ ဇူလိုင် ၂၄

စစ်ကောင်စီက ဗိုလ်မှူး ၅ ဦးနှင့် ဗိုလ်ကြီး ၁၅ ဦးတို့ကို မြန်မာ့စီးပွားရေးဘဏ်ခရိုင်ဘဏ်ခွဲ တာဝန်ခံနှင့်ဒုတိယတာဝန်ခံများအဖြစ် ပြောင်းရွှေ့ ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။

စစ်တပ်မှ ဗိုလ်ကြီး ၁၅ ဦးဖြစ်ကြသည့် အရာရှိငယ်များကို မြန်မာ့စီးပွားရေးဘဏ် ဒုတိယတာဝန်ခံများအဖြစ် ပြောင်းရွှေ့ရာတွင်-

၁-ကြည်ပိုင်စိုး မြောင်းမြခရိုင်ဘဏ်ခွဲ

၂-ကျော်ထက်အောင် ဘဏ်ခွဲ ၃ မန္တလေးမြို့

၃-ပြည့်ဖြိုးပိုင် ဘဏ်ခွဲ ၂ မော်လမြိုင်မြို့

၄- ကျော်ဇောထူး ညောင်ဦးခရိုင်ဘဏ်ခွဲ

၅-တင်ထွန်းနောင် တောင်ငူခရိုင်ဘဏ်ခွဲ

၆- အောင်ဘိုဘို ပဲခူးခရိုင်ဘဏ်ခွဲ

၇-တင့်ဌေးနိုင် မင်းဘူးခရိုင်ဘဏ်ခွဲ

၈-အောင်မင်း ရွှေဘိုခရိုင်ဘဏ်ခွဲ

၉-အောင်သိုက် လွိုင်လင်ခရိုင်ဘဏ်ခွဲ

၁၀- သော်ဇင်ဦး စစ်ကိုင်းခရိုင်ဘဏ်ခွဲ

၁၁-ဇော်ဝင်းမောင် ပခုက္ကူခရိုင်ဘဏ်ခွဲ

၁၂-မြတ်မင်းထက် ဖျားပုံခရိုင်ဘဏ်ခွဲ

၁၃-အောင်ကျော်ဇော ကျော်ဆည်ခရိုင်ဘဏ်ခွဲ

၁၄- မင်းသန့် ကြည့်မြင်တိုင်ဘဏ်ခွဲ

၁၅-ငြိမ်းချမ်းဦး မကွေးခရိုင်ဘဏ်ခွဲ တို့ကို ပြောင်းရွှေ့လိုက်ကြောင်း သိရှိရသည်။

ထို့ပြင် ဗိုလ်မှူး ၅ ဦးကိုလည်း မြန်မာ့စီးပွားရေးဘဏ်ခရိုင်တာဝန်ခံ အဖြစ်လည်းကောင်း ခန့်အပ်ကြောင်း သိရှိရသည်။

ဘဏ်ခရိုင်တာဝန်ခံအဖြစ် ပြောင်းရွှေ့လိုက်သော ဗိုလ်မှူး ၅ ဦးမှာ-

၁- ထွန်းလွင်အောင် ကျောက်မဲခရိုင်ဘဏ်ခွဲ

၂-ရဲမင်းအောင် တောင်ကြီးခရိုင်ဘဏ်ခွဲ

၃-ထွေးမင်းဝင်း တောင်ငူခရိုင်ဘဏ်ခွဲ

၄-ဆန်းလင်းနိုင် ဘဏ်ခွဲ ၂ ရန်ကုန်

၅-မင်းသိန်း ပုသိမ်ခရိုင်ဘဏ်ခွဲ တို့ဖြစ်ကြသည်။

“စစ်တပ်က ဗိုလ်ကြီး ဗိုလ်မှူးတွေကို မြန်မာ့စီးပွားရေးဘဏ်ကို ပြောင်းရွှေ့ပါတယ်။ အခုက job training အနေနဲ့ အလုပ်ဆင်းနေကြတယ်။ ဗိုလ်ကြီး ၁၅ ဦး၊ ၅ယောက်က ဗိုလ်မှူး။ နေပြည်တော် ရုံးချုပ်မှာလည်း သူတို့ကို ၂လ သင်တန်းပေးပြီးသား။ စာတွေ့ပေါ့။ အခုက ဘဏ်ခွဲတွင် လက်တွေ့ဆင်း on jobs training ပေါ့” ဟု နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ ရာပေါင်းများစွာကို အရပ်ဘက် ဝန်ကြီးဌာနများသို့ ဦးစီးအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး ရာထူးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ပေးနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article