38 C
Yangon

အကြမ်းဖက် စစ်ကောင်စီက အွန်လိုင်းဂိမ်းများကို အခွန်ကောက်ခံမည်ဖြစ်ပြီး ဆက်သွယ်ရေးအော်ပရေတာများက ညှိနှိုင်းဆောင်ရွက်ပေးရန် အမိန့်ပေး၊ မလိုက်နာလျှင် အရေးယူမည်ဟု ခြိမ်းခြောက်

Must read

အကြမ်းဖက် စစ်ကောင်စီက အွန်လိုင်းဂိမ်းများကို အခွန်ကောက်ခံမည်ဖြစ်ပြီး ဆက်သွယ်ရေးအော်ပရေတာများက ညှိနှိုင်းဆောင်ရွက်ပေးရန် အမိန့်ပေး၊ မလိုက်နာလျှင် အရေးယူမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဇူလိုင် ၂၅

အကြမ်းဖက် စစ်ကောင်စီက အွန်လိုင်းဂိမ်းများကို အခွန် ကောက်ခံမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားချက်တစ်ရက် ယနေ့ ထုတ်ပြန်သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ညွှန်ကြားမှုဦးစီးဌာန က အခွန်ကောက်ရန် သတ်မှတ်ချက်အရ အွန်လိုင်းဂိမ်းများကို ဂိမ်းအတွင်း အဝယ် ဝန်ဆောင်မှု ပေးလျက်ရှိသော ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ကွန်ရက်များကို အခွန်စည်းကြပ်မည်ဖစ် ကြောင်း၊ အဆိုပါဝန်ဆောင်မှုများကို ပေးနေသည့် ဒစ်ဂျစ်ဝန်ဆောင်မှု ကွန်ရက်များကို ဆက်သွယ်ရေး အော်ပရေတာများ၊ ဆက်သွယ်ရေး နည်းပညာကုမ္ပဏီများ၊ ဆက်သွယ်ရေးလုပ်ငန်းများအနေဖြင့် သိရှိစေနိုင်ရန် အကြောင်းကြားအပ်ကြောင်း ညွှန်ကြားစာတွင် ဖော်ပြထားသည်။

လတ်တလောတွင် အခွန်စည်းကြပ်ရန်မှာ သီးခြားအခွန်နှုန်းထား သတ်မှတ်ထားရှိခြင်းမရှိသဖြင့် အဆိုပါ ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ကွန်ရက်များဖြစ်သော Codashop ၊ Razer အစရှိသည်တို့ကို တစ်ဆင့်ခံ ဝန်ဆောင်မှု ပေးနေသော အော်ပရေတာများအနေဖြင့် အခွန်ကောက်ခံနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန်၊ အကယ်၍ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့် အညီ အရေးယူမည်ဟု ညွှန်ကြားထားသည်။

“အွန်လိုင်းစျေးရောင်းတဲ့ ဝန်ဆောင်မှုတွေကိုလည်း မှတ်ပုံတင်ခိုင်းတယ်။ အခုတစ်ခါ အွန်လိုင်းဂိမ်းတွေကို အခွန်ကောက်မယ်ဆိုတော့ အခြေအနေက တော်တော်ကို တင်းကျပ်လာတာလို့ ပြောလို့ရတယ်။ အွန်လိုင်းကို ထိန်းချုပ်ချင်တဲ့သဘောပိုမြင်ရတယ်။ အခွန်ကောက်ချင်တာထက် ထိန်းချုပ်ချင်လို့ ကျပ်တယ်လို့ မြင်ပါတယ်” ဟု ရန်ကုန်မြို့မှ အွန်လိုင်းဂိမ်းကျွမ်းကျင်သူ လူငယ်တစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article