30 C
Yangon

ငွေစက္ကူအသစ် နှစ်သောင်းတန်များ အလုံးအရင်းဖြင့် မထုတ်ဝေဟု စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်း ငြင်းဆိုနေသော်လည်း ထုတ်ဝေမည့် ငွေစက္ကူအသစ် ပမာဏကို ထုတ်မပြောရဲဘဲ နှုတ်ဆိတ်နေ

Must read

ငွေစက္ကူအသစ် နှစ်သောင်းတန်များ အလုံးအရင်းဖြင့် မထုတ်ဝေဟု စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်း ငြင်းဆိုနေသော်လည်း ထုတ်ဝေမည့် ငွေစက္ကူအသစ် ပမာဏကို ထုတ်မပြောရဲဘဲ နှုတ်ဆိတ်နေ

■ ထုတ်ဝေမည့် ငွေစက္ကူအသစ် ပမာဏကို ထုတ်မပြောရဲမှုက စစ်ကောင်စီ လိမ်လည်နေဟု စီးပွားရေးပညာရှင် ဦးစိန်းဌေး ထောက်ပြ

ရန်ကုန်၊ ဇူလိုင် ၂၅

အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့ ထုတ်ဝေမည့် ငွေစက္ကူအသစ် နှစ်သောင်းတန် အလုံးအရင်း မထုတ်ဝေပါဟု စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း ကာကွယ်ပြောဆိုသော်လည်း ထုတ်လုပ်မည့် ငွေစက္ကူအသစ် ပမာဏကို ထုတ်မပြောရဲဘဲ နှုတ်ဆိတ်နေကြောင်း သိရှိရသည်။

ငွေစက္ကူအသစ် နှစ်သောင်းတန်ကြောင့် စျေးကွက်တွင် စျေးနှုန်းများမြင့်တက်လာချိန်တွင် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက အလုံးအရင်းဖြင့် မထုတ်ဝေပါဟု ထွက်ပြောလာခြင်းဖြစ်ပြီး ငွေစက္ကူ အသစ်မှာ အမှတ်တရ ထုတ်ဝေခြင်းသာဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွ မှုမဖြစ်နိုင်ကြောင်း ၊ ပြည်သူများ စိတ်အေးချမ်းသာစွာ နေကြစေလိုကြောင်း ပြောဆိုသည်။

သို့ရာတွင် ဇော်မင်းထွန်းက ငွေစက္ကူအသစ် နှစ်သောင်းတန်များ မည်သည့်ပမာဏအထိ ထုတ်ဝေမည်ကို ထုတ်မပြောဆိုရဲဘဲ နှုတ်ဆိတ်နေသည်ကို တွေ့ရသည်။

“ငွေရေးကြေးရေး ဈေးကွက်ထဲမှာဒီငွေစက္ကူငွေကျပ် နှစ်သောင်းတန်အသစ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာဖို့ဆိုတဲ့ ကိစ္စကလုံးဝလည်း မဖြစ်နိုင်ဘူး၊ ဖြစ်လည်းမဖြစ်ပါဘူးလို့ အာမခံပါတယ်။ ဒါကြောင့် ငွေကြေးဖောင်းပွမှုဆိုတာ မဖြစ်နိုင်ပါဘူး။ မတည်ငြိမ်အောင် ကောလာဟလတွေ ထုတ်လွှင့်နေတာပဲဖြစ်ပါတယ်။ ပြည်သူလူထုကို အသိပေးပြောကြားလိုတာကတော့ ပြည်သူလူထုအနေနဲ့ ယုံကြည်စိတ်ချစွာနဲ့ မိမိတို့ရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ကြောင်း ကျွန်တော်တို့အနေနဲ့ အာမခံပါတယ်လို့ ပြောချင်ပါတယ်” ဟု ဇော်မင်းထွန်းက ပြောဆိုသည်။

စီးပွားရေးပညာရှင် ဦးစိန်ဌေးက စစ်ကောင်စီအနေဖြင့် ငွေစက္ကူ အဟောင်းများကို လဲလှယ်လိုသည်ဆိုပါက တစ်သောင်းတန်များ ထပ်ထုတ်နိုင်ကြောင်း၊ နှစ်သောင်းတန်ငွေစက္ကူအသစ် ထုတ်ဝေခြင်းမှာ ဘဏ္ဍာရေး အကျပ် အတည်း ဖြစ်နေ၍ ဖြစ်ကြောင်း၊ ငွေစက္ကူ အသစ် နှစ်သောင်းတန် ပမာဏ မည်မျှ ထုတ်ဝေမည်ကို ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသည်ကို ပွင့်လင်းမြင်သာမှုမရှိဘဲ ပြည်သူလူထုကို လိမ်လည်နေခြင်းဖြစ်သည်ဟု ထောက်ပြ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article