30 C
Yangon

မတ္တရာမြို့နယ်တွင် မန္တလေးမြို့မှ ဆန်တက်လာသည့် စစ်တပ်ရေယာဥ်အုပ်စုက ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေနတ်ကျည် ထိမှန်

Must read

မတ္တရာမြို့နယ်တွင် မန္တလေးမြို့မှ ဆန်တက်လာသည့် စစ်တပ်ရေယာဥ်အုပ်စုက ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေနတ်ကျည် ထိမှန်

ရန်ကုန်၊ ဇူလိုင် ၂၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် မန္တလေးမြို့ ဂေါဝန် ဆိပ်ကမ်းမှ ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စုက ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေနတ်ကျည် ထိမှန်ခဲ့ကြောင်း နွေဦးတော်လှန်ရေး မတ္တရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၉ စင်းပါသော ရေယာဥ်အုပ်စုက မတ္တရာမြို့နယ် စိန်းပန်းရွာ အနောက်ဘက် ကျွန်းပေါ်ကို သေနတ်များနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကလေး ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေနတ်ကျည် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦးခြေထောက်မှာ သေနတ်မှန်သွားတယ်ဗျ ။ စိန်ပန်းကုန်အနောက်ဖက်ကျွန်းပေါ်နဲ့ စိန်ပန်းကုန်းရွာပေါ်လဲ သင်္ဘောပေါ်ကနေ သေနတ်တွေနဲ့ ပစ်ခတ်သွားတယ်” ဟု နွေဦးတော်လှန်ရေး မတ္တရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ထို့ပြင် မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ သွားလာနေသောကြောင့် ပြည်သူများ သတိပြုသွားလာကြရန် နွေဦးတော်လှန်ရေး မတ္တရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article