32 C
Yangon

နတ်မောက်မြို့နယ်၊ လဲဘူးရွာမှ လက်နက်ကိုင်ဆောင်ထားသော အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

Must read

နတ်မောက်မြို့နယ်၊ လဲဘူးရွာမှ လက်နက်ကိုင်ဆောင်ထားသော အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၆

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လဲဘူးရွာမှ လက်နက်ကိုင်ဆောင်ထားသော အုပ်ချုပ်ရေးမှူး ကျော်မင်းစိုး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာမှ စစ်ကောင်စီခန့် လက်နက် ကိုင်ဆောင်ထားသော အုပ်ချုပ်ရေးမှူး ကျော်မင်းစိုးကို CRC -PLA တပ်ပေါင်းစုဝင် OPRF – အဖိနှိပ်ခံပြည်သူ့တော်လှန်ရေး အင်အားစုက ၎င်း နေအိမ်၌ပင် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” အဲကောင်က အတော်ဆိုးတယ်။ လဲဘူးနဲ့ တကွ ကျေးရွာငယ် ငါးရွာလောက်မှာ လက်နက်ကိုင် အုပ်ချုပ်ရေးမှူး လုပ်နေတာ နယ်စပ်ကို သွားရှောင်နေတာ အခုပြန်လာခြင်းမှာပဲ ဝင်ရောက် ရှင်းလင်းခဲ့တာ” ဟု အဖိနှိပ်ခံပြည်သူ့တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ကျော်မင်းစိုးသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်စေခြင်း၊ ပြည်သူ့တော်လှန်ရေးကို အဖျက်အမှောက်ဖြစ်စေရန် အာဏာရပြီး ကာလတစ်လျှောက် ပုံစံအမျိုးမျိုးဖြင့် စစ်အုပ်စုနှင့် ပူးပေါင်းကာ ကြိမ်ဖန်များစွာ ပြည်သူလူထုနှင့် ပြည်သူ့တော်လှန်ရေးကို ဒုက္ခပေးခြင်း၊ တော်လှန်ရေး သမားများကို လိုက်လံ​ ဖမ်းဆီးခြင်း၊ ရဲဘော်များ၏ နေအိမ်များနှင့် ပြည်သူ့နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ချိတ်ပိတ်ခြင်း၊ လက်နက်ကိုင် ပျူစောထီး အဖြစ် အုပ်ချုပ်ရေးမှူး တာဝန်ယူကာ ၂ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခြင်းများကြောင့် ပစ်ခတ် တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article