28 C
Yangon

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင်လ ၂၆ ရက်နေ့တွင် သီးခြားတွေ့ဆုံခဲ့ ဆိုသော သတင်းများ ထွက်ပေါ်လာ

Must read

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင်လ ၂၆ ရက်နေ့တွင် သီးခြားတွေ့ဆုံခဲ့ ဆိုသော သတင်းများ ထွက်ပေါ်လာ

ရန်ကုန်၊ ဇူလိုင် ၂၈

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီက ဖမ်းဆီးထိန်း သိမ်းထားသော နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ပေးတွေ့ခဲ့ ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ဇူလိုင်လ ၂၆ ရက်နေ့ နေပြည်တော်အကျဉ်းထောင် ပြင်ပသို့ ဒေါ်အောင် ဆန်းစုကြည် ကို ခေါ်ထုတ်၍ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်တွေ့ဆုံခွင့်ပေးခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံချိန် ၁ နာရီကျော်ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီက ဦးတီခွန်မြတ်ကို ၎င်းတို့ ပါးစေချင်သည့် သတင်းစကားများကို တစ်ပါတည်း ယူဆောင် ပေးပို့စေခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့ရာတွင် ဦးတီခွန်မြတ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံသည့် သတင်း ကို ရန်ကုန်ခေတ်သစ်က စုံစမ်းနေဆဲဖြစ်ပြီး သတင်းများကို အတည်ပြုနိုင် ခြင်းမရှိသေးပေ။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နေအိမ်တွင် ကျင်းပသည့် ပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article