30 C
Yangon

ဖားဆောင်းမြို့အနီးရှိ စစ်တပ်ယာယီစခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ပြောဆို

Must read

ဖားဆောင်းမြို့အနီးရှိ စစ်တပ်ယာယီစခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ပြောဆို

ရန်ကုန်၊ ဇူလိုင် ၂၈

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အနီးရှိ အကြမ်းဖက်စစ်တပ်ယာယီစခန်း တစ် ခု ကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှု များပြား ကြောင်း ကရင်နီတပ်မတော် (KA)၊ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ရန်ကုန်‌ ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်း ဖားဆောင်းမြို့အထွက်၌ ယာယီ စခန်းချ ရပ်နားနေသည့် အကြမ်းဖက်စစ်တပ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထွက်ပြေးသွားကြောင်း၊ လက်နက်ခဲယမ်း အများ အပြားသိမ်းဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံး မှုရှိ နိုင်သော်လည်း အတိအကျမသိရသေးကြောင်း၊ အကြမ်းဖက် စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“သူတို့စခန်းချတဲ့နေရာကို ဝင်တိုက်တာ၊ တော်တော်များများ သေဆုံး ဒဏ်ရမ ယ်ထင်တယ်၊ ကျနော်တို့ ဘက်က ပစ္စည်းရတယ်လေ၊ သေတာတွေတော့ များမှာ ပေါ့၊ လေယာဉ်တွေကတော့ လာတယ်၊ ဒီနေ့က တော့ခဏနား ထားတယ်၊ ဒီနေ့က တိုက်ပွဲမရှိဘူး၊ ဖြစ်တဲ့နေရာကို ရှင်းနေတယ်၊ ဒီကောင် တွေမရှိတော့ ဘူး၊ ပြန်ဆုတ်နေတယ်၊ ကျနော်တို့လည်း ကလေးတွေ ကို ပြောထားတယ်၊ လျှောက်မသွားနဲ့၊ အနောက် ကနေလှည့်ပတ်လာမယ် သတိ ထားလို့ ပြောလိုက်တယ်၊ ပြေးသွားတာဆိုတော ဘယ်ကိုပြေးသွားတာလဲ မသိ ဘူး၊ လာရင်တော့ သေတာပဲလေ၊ တပ်မ ၅၅ ကအချို့ပါတယ်၊ တပ်မ ၅၅ က ကချင်ဖြစ်တယ် ဆို တော့ ထုတ်နှုတ်တပ်တွေပဲဖြစ်မှာပေါ့၊ နှစ်ဖက် ထိခိုက် ကျဆုံးမှု ကတော့ မသိရသေးဘူး၊ အဆက်အသွယ် ကလည်းက တစ်ချက် တစ်ချက်ခေါ်တော့ ထိလား၊မထိလား ကျနော်တို့လူက ဘာမှမပြောဘူး”ဟု ကရင် နီတပ်မတော် (KA)၊ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ရန်ကုန်‌ ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဓာတ်ပုံ- သိမ်းဆည်းရမိထားသည့် လက်နက်ခဲယမ်းများ။

Photo Credit- ကန္တာရ၀တီတိုင်းမ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article