30.5 C
Yangon

မတူပီမြို့နယ်တွင် ဒုရဲအုပ် ၁ ဦးကို CDF တပ်ဖွဲ့က လက်နက်နှင့် တကွဖမ်းဆီးရမိ

Must read

မတူပီမြို့နယ်တွင် ဒုရဲအုပ် ၁ ဦးကို CDF တပ်ဖွဲ့က လက်နက်နှင့် တကွဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၂၈

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ဟားခါး လမ်းပိုင်းတွင် ဒုရဲအုပ် ၁ ဦးကို CDF တပ်ဖွဲ့က လက်နက်နှင့် တကွ ဖမ်းဆီးရမိခဲ့ကြောင်း Chinland Defense Force Matupi က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မတူပီ-ဟားခါး လမ်းမ ပိုင်းရှိ ဖနိုင်ကျေးရွာနှင့် မတူပီခရိုင်ရုံး အကြား တစ်နေရာတွင် ဒုရဲအုပ် ၁ ဦးကို လက်နက်နှင့် တကွ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော ဒုရဲအုပ်သည် မတူပီမြို့နယ် ရဲတပ်ဖွဲ့မှ ဒု-ရဲအုပ် ချမ်းမြေ့အောင်ဖြစ်ပြီး ခြောက်လုံးပြူးပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဆံ ၅၈ ထောင့်နှင့်တကွ ဖမ်းဆီးရမိခဲ့ပြီး ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီဘက်မှ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Chinland Defense Force Matupi က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article