30 C
Yangon

မာရဝိဇယ ဘုရားဖွင့်ပွဲသို့ ရုရှားအစိုးရအဖွဲ့ကို စစ်ကောင်စီက ဖိတ်ကြား၊ ဇူလိုင် ၃၁ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ ရုရှားကိုယ်စားလှယ်အဖွဲ့ လာရောက်မည်

Must read

မာရဝိဇယ ဘုရားဖွင့်ပွဲသို့ ရုရှားအစိုးရအဖွဲ့ကို စစ်ကောင်စီက ဖိတ်ကြား၊ ဇူလိုင် ၃၁ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ ရုရှားကိုယ်စားလှယ်အဖွဲ့ လာရောက်မည်

ရန်ကုန်၊ ဇူလိုင် ၂၉

အကြမ်းဖက် မင်းအောင်လှိုင်က နေပြည်တော်တွင် ပြုလုပ်မည့် မာရဝိဇယ ဘုရားဖွင့်ပွဲသို့ ရုရှားအစိုးရအဖွဲ့ကို ဖိတ်ကြားလိုက်ပြီး ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ ရုရှားကိုယ်စားလှယ်အဖွဲ့ နေပြည်တော် လာရောက် ရန်ရှိကြောင်း သိရှိရသည်။

“ရုရှားကိုယ်စားလှယ်အဖွဲ့က ဇူလိုင်လ ၃၁ ရက်ကနေ ဩဂုတ်လ ၅ ရက်နေ့ အထိ နေပြည်တော်ကိုလာမယ်။ သိပ်မကြာသေးခင် ဇူလိုင်လ ၂၃ ရက်နေ့ကနေ ဇူလိုင်လ ၂၇ ရက်နေ့အထိ ရုရှားတရားသူကြီးချုပ်အဖွဲ့ လာသွားသေးတယ်။ အခုရက်ပိုင်းတွေမှာ ရုရှားတွေ ခပ်စိတ်စိတ်ကို မြန်မာပြည်ကို လာနေတယ်” ဟု ရန်ကုန်ခေတ်သစ်၏ ဖရဲသီး သတင်းရင်းမြစ်က ပြောဆိုသည်။

ရုရှား ဖက်ဒေရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev ဦးဆောင်သည့် အဖွဲ့ဝင် ၁၀၀ ကျော်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အကြမ်းဖက် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန်သို့ သွားရောက် လည်ပတ်ခဲ့ပြီး ရန်ကုန်သို့ ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဇူလိုင်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံလာရောက်ခဲ့သည့် ရုရှား ကိုယ်စားလှယ်အဖွဲ့ အသုံးပြုခဲ့သည့် ရုရှားလေယာဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article