29.2 C
Yangon

စစ်ကောင်စီကို နည်းပညာမြှင့်တင် တိုက်ခိုက်နိုင်ရန်နှင့် အင်အားတိုးချဲ့နိုင်ရန် SDDF တပ်ဖွဲ့က ရဲဘော်သစ်များ ခေါ်ယူမည်

Must read

စစ်ကောင်စီကို နည်းပညာမြှင့်တင် တိုက်ခိုက်နိုင်ရန်နှင့် အင်အားတိုးချဲ့နိုင်ရန် SDDF တပ်ဖွဲ့က ရဲဘော်သစ်များ ခေါ်ယူမည်

ရန်ကုန်၊ ဇူလိုင် ၂၉

အကြမ်းဖက် စစ်ကောင်စီကို နည်းပညာအဆင့်မြှင့်တင်ပြီး တိုက်ခိုက်ချေမှုန်းနိုင်ရန်နှင့် တပ်ဖွဲ့ဝင် အင်အားတိုးချဲ့နိုင်ရန် ရဲဘော်သစ်များ ခေါ်ယူမည်ဖြစ်ကြောင်း Saw Dragon Drone Force- SDDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

နည်းပညာတပ်ဖွဲ့ဖြစ်သည့်အတွက် ဒရုန်းပိုင်း၊ ထုတ်လုပ်ရေးပိုင်းနှင့်အခြားနည်းပညာပိုင်း တတ် ကျွမ်း နားလည်သူများ လိုအပ်နေသည့်အပြင် တပ်ဖွဲ့ဝင် ရဲဘော်သစ်များလည်း လိုအပ်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ပညာရှင်များ၊ မြေပြင်နှင့်ဝေဟင်တိုက်ခိုက်ရေးနှင့် နည်းပညာစိတ်ပါဝင်စားသူ မည်သူ မဆိုပါ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ အနေနဲ့က ရဲဘော်သစ်တွေကို ပြည်တွင်းကလူတွေသာမက ပြည်ပကပါ ဒီဘက်ရောက်လာ ပြီး လက်နက်ကိုင်တော်လှန်ချင်သူတွေ လက်ခံတာပါဗျ၊ နည်းပညာတပ်ဖွဲ့ဆိုတော့ ဒီဒရုန်းပိုင်း၊ ထုတ် လုပ်ရေးပိုင်းနဲ့ အခြားနည်းပညာပိုင်းဆိုင် တတ်ကျွမ်တဲ့ ပညာရှင်တွေလည်း လိုအပ်တာပေါ့နော်၊ ယောက်ျားလေးရော မိန်းကလေးပါ လက်ခံတာပါ” ဟု Saw Dragon Drone Force- SDDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

Saw Dragon Drone Force – SDDF တပ်ဖွဲ့ဝင် ဝင်ရောက်တာဝန်ထမ်းဆောင်မည့် သူများအနေဖြင့်

https://www.facebook.com/sawdragondroneforce

Messenger ကဖြစ်စေ၊

Telegram – https://t.me/ConfidentialExtress

Gmail – [email protected]

ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

တာဝန်ထမ်းဆောင်ရမည့်အပိုင်းအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပြုပြင်တည်ဆင်ရေး၊ ထုတ်လုပ် ရေး၊ သုတေသနပြုလုပ်ရေး၊ မြေပြင်၊ ဝေဟင် တိုက်ခိုက်ရေးစသည်ဖြင့် မိမိကျွမ်းကျင်စိတ်ဝင်စားရာ ကဏ္ဍ၌ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိမိကိုယ်တိုင် လက် တုန့်ပြန်ချေမှုန်းရန်နှင့် စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးအဆုံးသတ်တိုက်ပွဲဆင်နွှဲရန် စိတ်အား ထက် သန်သူ မည်သူမဆို ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article