28 C
Yangon

စစ်အုပ်စု၏ လွတ်ငြိမ်း သက်သာခွင့်ပြုကြောင်း ကြေညာချက်သည် စစ်တပ်၏ ရှုံးနှိမ့်မှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်ကြောင်း NUG အစိုးရ တရားရေးဝန်ကြီးဌာန ထုတ်ပြန်

Must read

စစ်အုပ်စု၏ လွတ်ငြိမ်း သက်သာခွင့်ပြုကြောင်း ကြေညာချက်သည် စစ်တပ်၏ ရှုံးနှိမ့်မှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်ကြောင်း NUG အစိုးရ တရားရေးဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၁

အကြမ်းဖက် စစ်အုပ်စု၏ လွတ်ငြိမ်း သက်သာခွင့်ပြုကြောင်း ကြေညာချက်သည် စစ်တပ်၏ ရှုံးနှိမ့်မှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်ကြောင်း NUG အစိုးရ တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန က နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်အသီးသီးမှ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်အုပ်စု၏ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း ကြေညာချက်သည် ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်စေပြီး ၎င်းတို့၏ တရားမဲ့အကြမ်းဖက် လုပ်ရပ်များအပေါ်တွင် ပြည်သူ လူထုကြီး တစ်ရပ်လုံးက အမျက်ဒေါသထွက်နေမှုနှင့် ၎င်းတို့၏ ရှုံးနှိမ့်နေမှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် စစ်အုပ်စုသည် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် စွဲဆိုခဲ့သည့် အမှုအချို့တွင် ချမှတ်ထားသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် မည်သည့် ပြစ်မှုတစ်စုံတစ်ရာကိုမျှ ကျူးလွန်ခဲ့ခြင်းမရှိဘဲ တစ်ဖက်သတ် လုပ်ကြံစွပ်စွဲ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချမှတ်ထားသော ပြစ်ဒဏ် အားလုံးသည် ဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် ပြစ်ဒဏ်များကို မတရားသဖြင့် ချမှတ်ခံထားရခြင်းကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်သမ္မကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မတရားဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသော နိုင်ငံသားများအားလုံးသည် ခြွင်းချက်မရှိပဲ ချက်ချင်း လွှတ်ပေးရမည့်သူများဖြစ်ပြီး၊ ၎င်းတို့အပေါ် ပြစ်ဒဏ်များချမှတ်ထားသည့် အမိန့်များမှာ မူလကတည်းကပင် ပျက်ပြယ်ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စု အနေဖြင့် နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အပြစ်မဲ့ နိုင်ငံသားများအပေါ် ချမှတ်ထားသော ပြစ်ဒဏ်အသီးသီးကို ပယ်ဖျက်ပြီး ခြွင်းချက်မရှိဘဲ ချက်ချင်းလွှတ်ရန် ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း ထုတ်ပြန်ချက်အဆုံးတွင် ပါရှိသည်။

NUG အစိုးရ တရားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article