32 C
Yangon

တနင်္သာရီတိုင်းတွင် ဇူလိုင်လအတွင်း စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ လုံးကျော်ပြာကျ

Must read

တနင်္သာရီတိုင်းတွင် ဇူလိုင်လအတွင်း စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ လုံးကျော်ပြာကျ

ရန်ကုန်၊ သြဂုတ် ၁

တနင်္သာရီတိုင်းတွင် ဇူလိုင်လအတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်က ထားဝယ်မြို့နယ်အတွင်းရှိ ပြည်သူပိုင် နေအိမ် ၅ လုံး၊ လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူပိုင် နေအိမ် ၇ လုံး၊ တနင်္သာရီမြို့နယ်ထဲရှိ ပြည်သူပိုင် နေအိမ် ၂ လုံးတို့ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အများစုသည် ထားဝယ်မြို့နယ်ထဲရှိ သင်္ကန်းတုန်းရွာ၊ လောင်းလုံးမြို့နယ်ထဲက ဖွားဘုတ်ပြင်ရွာ၊ တောင်မင်းပြောင်ရွာ၊ မူးဒူးရွာ၊ ခမောင်းတောရွာနှင့် တနင်္သာရီမြို့နယ်ထဲက ချောင်းကဖက်ရွာ၊ သိန်ခွန်းရွာတို့ ဖြစ်ကြောင်း၊ နေအိမ်များကို မီးရှို့သည့်အပြင် ဓာတ်ဆီဆိုင်၊ သုံးဘီးဆိုင်ကယ်နဲ့ ပြည်သူပိုင်ယာဥ်တွေ၊ ခြံတွေ၊ ဥယျာဥ်ခြံသုံးပစ္စည်းတွေ၊ ခြံသုံးဖို့သိုလှောင်ထားတဲ့ ဓာတ်ဆီလီတာ ရာနှင့် ချီပြီ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်လာချိန် စစ်ဘေးရှောင်နေသည့် လူမရှိသည့် နေအိမ်များ၊ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲ ဧရိယာအနီးတဝိုက်ရှိ နေအိမ်နှင့် ခြံများ၊ နေအိမ်၌ မသင်္ကာစရာတွေ့သည်ဆိုသော စွတ်စွဲချက်ဖြင့် မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့တဲ့ဇွန်လအတွင်းကလည်း တနင်္သာရီတိုင်းအတွင်းရှိ နေအိမ် ၁၈ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ လုံးကျော်ပြာကျ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article