38 C
Yangon

မင်းအောင်လှိုင် ၏ မာရဝိဇယဘုရား ကျောက်စာ ၇၂၀ ချပ် ဂြိုလ်တုဓာတ်ပုံ တွင် စတုရန်းပုံ မညီမညာဖြစ်နေမှု ကုန်းဘောင်ခေတ် မင်းတုန်းမင်း ကုသိုလ် တော်ဘုရားကျောက်စာများ၏ စနစ်ကျမှုကို လိုက် မမှီဟု ဝေဖန်ခံရ

Must read

မင်းအောင်လှိုင် ၏ မာရဝိဇယဘုရား ကျောက်စာ ၇၂၀ ချပ် ဂြိုလ်တုဓာတ်ပုံ တွင် စတုရန်းပုံ မညီမညာဖြစ်နေမှု ကုန်းဘောင်ခေတ် မင်းတုန်းမင်း ကုသိုလ် တော်ဘုရားကျောက်စာများ၏ စနစ်ကျမှုကို လိုက် မမှီဟု ဝေဖန်ခံရ

■ မာရဝိဇယရုပ်တုကို Google Map တွင် ငိုကြွေးနေသော ဗုဒ္ဓ Crying Buddha ဟု လူငယ်များက အမည်ပေးထား

ရန်ကုန်၊ ဩဂုတ် ၄

အကြမ်းဖက် မင်းအောင်လှိုင် တည်ထားသည့် မာရဝိဇယဘုရား ကျောက်စာ ၇၂၀ ချပ်ကို ဂြိုလ်တုမှတစ်ဆင့် ကြည့်ရှုရာတွင် ကျောက်စာချပ်များသည် စတုရန်းပုံ မညီမညာဖြစ်နေမှုကို ယနေ့ လူမှုကွန်ရက်တွင် ပြည်သူအများစုက ဝေဖန်နေကြသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ဩဂုတ်လ ၁ ရက်နေ့တွင် မာရဝိဇယ ဘုရားရုပ် တုကို အနေကဇာတင်ခဲ့ပြီး ကျောက် စာရုံစေတီ ၇၂၀ ကိုလည်း တစ်ပြိုင်နက် တည်း ထီးတော်တင်ခဲ့ကြောင်း၊ အဆိုပါ ကျောက်စာရုံ စေတီ ၇၂၀ ကို ဂြိုလ်တု ဓာတ်ပုံမှ ကြည့်ရှုသောအခါ စေတီများအားလုံးသည် စတုရန်းပုံ အကွက်ကျ ခြင်းမရှိဘဲ မညီမညာဖြစ် နေကြောင်း၊ ခေတ်မီနည်းပညာဖြင့် ကမ္ဘာ့အကြီးဆုံး ဟု မင်းအောင်လှိုင်က သူ၏ ဘုရားရုပ်တုကို ကြွေးကြော်နေသော်လည်း ကုန်းဘောင်ခေတ် မင်းတုန်းမင်း တည်ထားခဲ့သော ကုသိုလ်တော်ဘုရားမှ ကျောက်စာရုံစေတီ ၇၂၉ သည် စတုန်ရန်းပုံတွင် အကွက်ကျကျ စနစ်ကျနေမှု ကို မမီကြောင်း လူမှုကွန်ရက်များတွင် ဝေဖန်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

“မင်းအောင်လှိုင်တည်တဲ့ ကျောက်စာရုံ စေတီ ၇၂၀ က Google Map မှာ ပြွတ်သိပ်ပြီး စတုန်ရန်းပုံ ကို စနစ်မကျဘူး။ ဖြစ်သလို လုပ်ထားတာပေါ့။ ကုန်းဘောင်ခေတ် မန္တလေးမြို့တည် မင်းတုန်းမင်းကြီး တည်ထားတဲ့ မန္တလေး ကုသိုလ် တော်ဘုရား ကျောက်စာရုံစေတီ ၇၂၉ ဆူက တကယ့်ကို စတုန်ရန်းပုံ မှာ စနစ်ကျနသလို ညီညီညာညာလေးဖြစ်နေတယ်။ အဲဒါကို နှိုင်းယှဉ်ပြီး လူမှုကွန်ရက်မှာ ဝေဖန်နေကြတာ။ မင်းအောင်လှိုင်လို အကုသိုလ်ကောင်က ဘုရားတည်လည်း ပုံမလာဘူးဆိုတာမျိုး ဝေဖန်နေကြတာ” ဟု Facebook လူမှုကွန်ရက်တွင် ယင်းအကြောင်းမျှဝေထားသူ ကိုဇော်ရှိန်းက ပြောဆိုသည်။

မန္တလေးမြို့၏ နာမည်ကျော် အထင်ကရ ဘုရားတစ်ဆူဖြစ်သော ကုသိုလ် တော်ဘုရား နှင့်ကျောက်စာရုံစေတီများကို မင်းတုန်းမင်းက မြန်မာသက္ကရာဇ် ၁၂၂၄ ဝါဆိုလတွင် တည်ထားခဲ့ခြင်းဖြစ်ပြီး ခေတ်မီနည်းပညာ မထွန်းကား သော ကာလတွင်ပင် ဗုဒ္ဓသာသနာ ဝိနည်း ၅ ကျမ်း ပါဠိတော်က ချပ်ရေ ၁၁၁ ချပ် ၊ အဘိဓမ္မာ ၇ ကျမ်း ပါဠိတော်က ချပ်ရေ ၂၀၈ ချပ်၊ နိကာယ် ၅ ကျမ်း၊ သုတ် ၃ ကျမ်း ပါဠိတော်က ချပ်ရေ ၄၁၀ ချပ် စုစုပေါင်း ကျောက်စာချပ်ရေ ၇၂၉ ချပ် အတွက် ဓမ္မစေတီ ၇၂၉ဆူကို မြေပြင်မှသာမက Google Map၏ ဂြိုလ်တုဓာတ်ပုံ တွင်ပါ စနစ်ကျနစွာ တည်ထားခဲ့သည်ကို မြင်တွေ့ရသည်။

ထို့ပြင် မင်းအောင်လှိုင် တည်ထားသော နေပြည်တော်မှ မာရဝိဇယ ရုပ်တုကို ငိုကြွေးနေသော ဗုဒ္ဓ Crying Buddha ဟု လူငယ်များက Google Map တွင် နာမည်ပေးထားပြီး စစ်တပ်ထောက်ခံသူများက ယင်းနာမည်ကို ပယ်ဖျက်ရန် ကြိုးစားနေကြသော်လည်း မအောင်မြင်သေးကြောင်း သိရှိရသည်။

မင်းအောင်လှိုင် ၏ မာရဝိဇယဘုရား
ငိုကြွေးနေသော ဗုဒ္ဓ Crying Buddha
ကုန်းဘောင်ခေတ် မင်းတုန်းမင်း ကုသိုလ် တော်ဘုရားကျောက်စာများ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article