လက်ပံတောင်းတောင် သပိတ် အင်အားစုက စစ်ကောင်စီ ထုတ်ဝေသည့် ၂၀၀၀၀ တန်ငွေစက္ကူများကို မီးရှို့ပြီး ၈၈၈၈ ၃၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဆန္ဒပြ
ရန်ကုန်၊ သြဂုတ် ၈
လက်ပံတောင်းတောင် ဒေသ သပိတ် အင်အားစုများ ဦးဆောင်ကာ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီ ထုတ်ဝေသည့် ၂၀၀၀၀ တန်ငွေစက္ကူများကို မီးရှို့ပြီး ၈၈၈၈ ၃၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ထိုလှုပ်ရှားမှုတွင် ဆေးအနီရောင်များဖြင့် လမ်းမကြီးပေါ်၌ ပတ်ဖြန်းပြီး စစ်တပ်ထုတ်ကုန် ငွေကျပ်နှစ်သောင်းတန်များကို ပြည်သူများ အသုံးမပြုကြဖို့ တိုက်တွန်းသည့်အနေဖြင့် မီးရှို့ခြင်း အစီစဥ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။