32 C
Yangon

စဉ့်ကူးမြို့နယ်အတွင်းရှိ မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူ များကို မိုးကာနှင့် ဝါးများလှူဒါန်း

Must read

စဉ့်ကူးမြို့နယ်အတွင်းရှိ မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူ များကို မိုးကာနှင့် ဝါးများလှူဒါန်း

ရန်ကုန်၊ ဩဂုတ် ၈

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာမှ မီး ဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို မိုးကာများနှင့် ဝါးများ ပေးပို့လှူဒါန်းခဲ့ကြောင်း ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက် ပို့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ ဝင်ရောက်မီးရှို့သဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စဉ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာ၊ ပေါက်ကုန်းကျေးရွာ၊ တမာကုန်း ကျေးရွာ၊ မြစ်ကမ်းကြီးကျေးရွာနှင့် ပိ တောက်ကုန်းကျေးရွာ ၅ ရွာမှ စစ်ဘေးရှောင်နေရသော မိဘ ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် မိုးကာတစ်ချပ်၊ ဝါးအလုံး ၅၀ စီဖြင့် မိုးကာ ၃၅ ချပ်၊ အိမ် ထောင်စု ၃၅ စု၊ ဝါးလုံးအတွက် အိမ်ထောင်စု ၄၅ စုလှဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။

“ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေရှိတဲ့ မိသားစုတွေကို ဦးစားပေးစနစ်နဲ့လှူဒါန်းခဲ့တာ၊ မီးဘေး သင့်စစ်ဘေးရှောင်မိသားစုတွေက ထောင်ချီရှိတာ၊ အဲဒီထဲကမှ တစ်စိတ်တစ် ဒေသ လောက်ပဲလှူဒါန်းနိုင်ခဲ့တယ်၊ ခါတိုင်းဆို ဆန်၊ ကြက် သွန်၊ ဆီ၊ အဝတ်အထည်တွေ လှူဖြစ်တယ်၊ ဩဂုတ်လ ၆ ရက် နေ့က မြေပြင်ဆင်း ဆေးကုပေးတော့ သူတို့ပျော်ကြတယ်၊ မနေ့က ဝါးလုံးတွေ မိုးကာတွေ လှူတော့ ပိုပြီး ပျော်ကြတာပေါ့” ဟု ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့က စတင်၍ အင်အား ၂၀၀ ခန့်ရှိသော အကြမ်းဖက်စစ်သားများက စဉ့်ကူးမြို့နယ်၊ ဝက်ပေါင်ရွာ၊ တမာကုန်းရွာ၊ ကြက်တူရွေးရွာ၊ မြစ်ကမ်းကြီးရွာ၊ ဟင်္သာမရွာ၊ သဲအင်းရွာ၊ ကျွန်း တော်ရွာ၊ ကျွန်းကြီးရွာ၊ ရွှေဘယက်ရွာ၊ ဇီးကုန်းရွာ စသည့်ကျေးရွာ ၁၁ ရွာကို ဝင်ရောက်စီးနင်းမီးရှို့ခဲ့ရာ ထောင်ချီသော ပြည်သူများမှာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

“အဒီရွာတွေထဲကမှ ကြက်တူရွေးရွာ၊ ဟင်္သာမရွာ၊ မြစ်ကမ်းကြီးရွာ၊ သဲအင်းရွာတွေဆိုရင် ဘာသာရေး အဆောက်အအုံတွေပါမကျန် အကုန်ပြာကျသွားတာပါ၊ စစ်ဘေးရှောင်ပြည်သူ ထောင်ချီရှိတဲ့အထဲကနေ တစ်စိတ်တဒေသကို ပြည်တွင်းပြည် ပ အလှူရှင်တွေက ပေးပို့လှူဒါန်းတာကို ရွေဘိုမြို့နယ်လွတ် လပ်သော ထောက်ပို့ရေးအဖွဲ့ကနေ ဦးဆောင်လှူဒါန်းပေးခဲ့တာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article