28 C
Yangon

အကြမ်းဖက် စစ်အုပ်စုကို ထိရောက်သည့် အရေးယူ ပိတ်ဆို့ရေး စင်ကာပူ အစိုးရ ကို တောင်းဆိုသည့် DoMoreSingapore ကမ်ပိန်း ပြုလုပ်

Must read

အကြမ်းဖက် စစ်အုပ်စုကို ထိရောက်သည့် အရေးယူ ပိတ်ဆို့ရေး စင်ကာပူ အစိုးရ ကို တောင်းဆိုသည့် DoMoreSingapore ကမ်ပိန်း ပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၁၀

အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို ရပ်တန့်နိုင်ရန် စင်္ကာပူနိုင်ငံအား ငွေကြေးအပါအဝင် လက်နက်နှင့်ဆက်စပ်ပစ္စည်းများကို ကြားခံအဖြစ် အသုံးပြုနေခြင်းများအပေါ် စင်္ကာပူအစိုးရအနေဖြင့် ထိရောက်သည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ပေးရေး တောင်းဆိုသည့် ကမ်ပိန်းပြုလုပ်မည်ဖြစ်ကြောင်း Blood Money Campaign အဖွဲ့ဝင်တစ်ဦးက ပြောသည်။

DoMoreSingapore ကမ်ပိန်းတွင် အကြမ်းဖက်စစ်အုပ်စုအပေါ် စင်ကာပူ အစိုးရက ထိရောက်သည့် ပိတ်ဆို့အရေးယူမှုများ ပိုမိုလုပ်ဆောင်ရန် –

(၁) မြန်မာစစ်အုပ်စုအတွက် လက်နက်၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်းများနှင့် နည်းပညာများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြေ‌ာင်းပေးနေခြင်းကို ရပ်တန့်နိုင်ရေး ပိတ်ဆို့အရေးယူမှုများ စတင်ရန်၊

(၂) စစ်အုပ်စုဘဏ်များ အပါအဝင် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု များမှတဆင့် စင်္ကာပူ၏ ဘဏ္ဍာရေးစနစ်အတွင်း စစ်အုပ်စုဝင်ရောက်ခွင့်ကို ပိတ်ဆို့ရန်၊

(၃) စစ်အုပ်စုအတွက် လက်နက်၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်း များနှင့် နည်းပညာများ ပံ့ပိုးပေးနေသည့် စင်္ကာပူကုမ္ပဏီများကို အများ ပြည်သူသိရှိစေမည့် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့် လုပ်ဆောင်ရန် စသည့် အချက် ၃ ချက်ပါ တောင်းဆိုမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စင်ကာပူနိုင်ငံသည် အကြမ်းဖက်စစ်တပ်၏ ပြည်သူလူထုအပေါ် အကြမ်းဖက် သတ်ဖြတ်နေမှုများကို ဆန့်ကျင်သော်လည်း အကြမ်းဖက်စစ်တပ်အတွက် အထောက်အပံ့ဖြစ်စေမှုများထဲတွင် တရုတ်နှင့် ရုရှားနောက် တတိယ မြောက် လိုက်နေသည့် နိုင်ငံလည်းဖြစ်ကြောင်း Blood Money Campaignက ပြောဆိုသည်။

စင်ကာပူအစိုးရအနေဖြင့် ထိရောက်သည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ပါက စစ်အုပ်စု၏ အကြမ်းဖက်မှုများကို သိသိသာသာ လျော့နည်းသွားစေမည်ဖြစ်ပြီး အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းနိုင်မည်ဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် ပါဝင်နိုင်ရန် နည်းလမ်းများကို Blood Money – သွေးစွန်းငွေ Facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖိနှိပ်မှုများကြားမှ ရရာနည်းဖြင့် ပူးပေါင်း ပါဝင်ပေးကြရန် Blood Money Campaign အဖွဲ့က တိုက် တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article