31 C
Yangon

ကျောက်တံခါး၊ သမင်အင်းကုန်းရွာ တိုက်ပွဲတွင် စစ်တပ်အရာရှိ အပါအဝင် စစ်သား ၃၀ ဦးကျော် သေဆုံးဟု NUG က ထပ်မံ အတည်ပြု ထုတ်ပြန်၊ ပစ္စတို အပါအဝင် လက်နက်မျိုးစုံ ၂၁ လက် အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ကျောက်တံခါး၊ သမင်အင်းကုန်းရွာ တိုက်ပွဲတွင် စစ်တပ်အရာရှိ အပါအဝင် စစ်သား ၃၀ ဦးကျော် သေဆုံးဟု NUG က ထပ်မံ အတည်ပြု ထုတ်ပြန်၊ ပစ္စတို အပါအဝင် လက်နက်မျိုးစုံ ၂၁ လက် အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၁၀

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာအနီးတွင် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့များနှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အယောက် ၃၀ ကျော် သေဆုံးကာ လက်နက်အများအပြား လည်း သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ် ရေး ဝန်ကြီးဌာနက ထပ်မံ အတည်ပြု ထုတ်ပြန်သည်။

ယမန်​နေ့ ဩဂုတ်လ ၉ရက်၊ မနက် ၄နာရီမှ စတင်ကာ မွန်းလွဲ ၁နာရီဝန်းကျင် ထိ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၆၀ ခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ ၉ နာရီကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အယောက် ၃၀ ကျော် သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး PDF တပ်ဘက် မှ ၁ ဦးကျဆုံး၊ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ် KNLA မှ ၂ ဦးကျဆုံးခဲ့ ကြောင်း၊ တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၂၁ လက်၊ ဒရုန်းပစ် ၁ လက်၊ မိုင်းရှာ စက် ၁ ခု၊ ၆၀ မမ ဗုံးသီးများနှင့် ကျည်မျိုးစုံ အမြောက်အများတို့ကို သိမ်းဆည်း ရ မိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက သက်ဆိုင်ရာ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ တာဝန်ရှိသူများ၏ ပြောဆိုချက် များကို ကိုးကား၍ သတင်းထုတ်လွှင့် တင်ပြခဲ့ပြီးဖြစ်သော်လည်း ကာကွယ်ရေးဝန်ကြီးဌာန၏ အတည်ပြု သတင်း ထုတ်ပြန်ချက် ထွက်ပေါ်လာ၍ ထပ်မံတင်ပြခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article