37 C
Yangon

ကနီတွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ PDF တပ်ခွဲမှူး ၁ ဦး ကျဆုံး ၊

Must read

ကနီတွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ PDF တပ်ခွဲမှူး ၁ ဦး ကျဆုံး ၊

■ ဘီးလင်းမြို့နယ်၊ မရမ်းကုန်းရွာ တိုက်ပွဲတွင်လည်း စစ်သား ၁၀ ဦးထက် မနည်း သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၁

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း၌ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ် သား ၁၀ ဦးထက်မနည်း သေဆုံးကာ PDF တပ်ခွဲမှူတစ်ဦး ကျဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၀ ရက် နံနက် ၆ နာရီခန့်က ရိက္ခာပို့ရန် ဆန်တက်လာ သော စစ်သင်္ဘောများ ပေါ်မှ ဆင်းလာပြီး ကနီမြို့၌ ညအိပ်ရပ်နားခဲ့သော အကြမ်းဖက်စစ်သား ၆၀ ခန့်သည် ရှမ်းမြောင်းကျေး ရွာဘက်သို့ ထွက်လာစဉ် တံတားအနီးအရောက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထို့နောက် နံနက် ၈ နာရီခန့်တွင် ကနီမြို့ပေါ် ရဲစခန်းကို Shar Htoo Waw Dron နည်းပညာ (မောင်းသူမဲ့လေယာဉ်)နှစ်စီးဖြင့် ဗုံးသီး လေးလုံး ကျဲချ တိုက်ခဲ့ရာ နောင်ဆုံး တစ်ခေါက် ဗုံးသီးကျဲချပီး အပြန်၌ စစ်တပ်ဘက်က သေနတ်ဖြင့် ပစ်ချသဖြင့် မောင်းသူမဲ့လေယာဉ်ငယ် ၂ စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ပထမ တိုက်ပွဲက သင်္ဘောပေါ်က ဆင်းပြီး ကနီမြို့ထဲ ညအိပ် မနက် ၆ နာရီ ပြန်ထွက်တဲ့အချိန် တိုက် ပွဲဖြစ်တာဗျ၊ ပထမတိုက်ပွဲပြီးတော့ ခွေးတွေမြို့ထဲ ပြန်ဝင်တဲ့အချိန် ဒရုန်းနဲ့ ဗုံးသီး ၄ လုံးချတယ်၊ နောက်ဆုံးအခေါက်မှာ လေဆာ ဂန်း နဲ့ပစ်ချခံရတာ၊ နှစ်စီး ဆုံးရှုံးခဲ့တယ်၊ စစ်ခွေးတွေက ရေလယ်ကျွန်း ပျူစောထီးရွာကို ရိက္ခာပို့ပြီး အထက်ကို သင်္ဘောတွေနဲ့ ဆန်တက်သွားပြီ” ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ကနီမြို့ပေါ်မှ ရေလယ်ကျွန်း(ပျူ)ရွာသို့ ရိက္ခာပိုလာရန် ထွက် လာ သော အကြမ်းဖက်စစ်သား ၆၀ ဦးခန့်ကို ကနီမြို့နှင့် ရေလယ်ကျွန်း(ပျူ)ရွာကြား အရောက် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ထပ်မံ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီခန့်အချိန် ကနီမြို့ပေါ်မှ စစ်သားများက PDF တပ်များကို ဒရုန်းဖြင့် ပြန်လည်ဗုံးကျဲချခြင်း၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် နံနက် ၁၀ နာရီခွဲခန့်၌ အလယ်ကျွန်း(ပျု)ရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၁၀၀ ခန့်ဖြင့် ရှမ်းမြောင်း ကျေးရွာဘက်သို့ ထွက်ခွာစဉ် ရှမ်းမြောင်းကျေးရွာအနီး အရောက် မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နေ့လည် ၁၁ နာရီခန့်အထိ တိုက်ပွဲပြင်း ထန်ခဲ့ကြောင်း ယင်းထိတွေ့တိုက်ပွဲတွင် ကျောက်လုံးကြီး KLG တပ်ဖွဲ့မှ တပ်ခွဲမှူး ကိုနိုင်ဝင်းကျဆုံးခဲ့ရ ကာ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးကတော့ ၁၀ ကောင်အထက်သေတယ်ဗျ၊ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ မိုင်းက ၆ လုံး မိတာ၊ တိုက်ပွဲကလည်း မီတာ ၁၀၀ အတွင်း စောင့်ကြို တိုက်ခိုက်ခဲ့တာ၊ ရေလယ်ကျွန်းက ပျူတွေနဲ့ ပေါင်းပြီး တစ်ကြောင်း ထွက်လာတာ၊ အဲဒီတိုက်ပွဲမှာပဲ PDF တပ် ခွဲမှူး ကိုနိုင်ဝင်းကို လက်နက်ကြီး ကျည် ထိမှန်ပြီး ကျဆုံးခဲ့တာ၊ သေနတ်တစ်လက်လည်း ဆုံးရှုံးခဲ့ရတယ်၊ ရဲဘော် တစ်ဦးလည်း ဒဏ်ရာရတယ်” ဟု ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ (KLG PDF ကျောက်လုံး ကြီး) တပ်ဖွဲ့နှင့် ပြည်ထောင်စု လွတ်မြောက်ရေး တပ်ဦး (ULF)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မရမ်းကုန်းကျေးရွာတွင် ဝင်ရောက် တပ်စွဲထားသော အကြမ်းဖက် စစ် သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား ၁၀ ဦးထက်မနည်းသေဆုံးပြီး စစ်သားများ ထွက်ပြေးသွားကြောင်း တော ကျီး ကန်း စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ပြောကြားသည်။

ဩဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် မရမ်းကုန်းကျေးရွာ၌ အင်အား ၈၀ ခန့်ဖြင့် ဝင်ရောက်တပ် စွဲထား သော စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီကျော်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ အများ အပြား ဒဏ်ရာရရှိပြီး ထွက်ပြေးသွားကြောင်း၊ ပြည်သူ့ကာကွယ် ရေး ပူးပေါင်း တပ်ဖွဲ့မှ ရဲဘော်တစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သေသွားတဲ့ စစ်ခွေးတွေကို လမ်းတွေမှာ မြှုပ်ထားတာတွေရှိတယ်၊ တချို့ အရေး ပါတဲ့လူလောက်တော့ ပြန်ပြီးတော့သယ်သွားတာတွေရှိတယ်၊ မျက်မြင် ပြည်သူတွေရဲ့ပြောပြချက်အရတော့ သူတို့ရဲ့ရဲဘော် တစ်ယောက်ကို သေနတ် ၂ လက်၊ ၃ လက်ထမ်းပြီး ပြန်ရတာတွေ၊ တချို့ဒဏ်ရာရတာတဲ့သူတွေဆိုရင် ပုခက်ကြီးတွေနဲ့ ထမ်းပြီးပြန်ရတာတွေရှိတယ်၊ သေဆုံးအလောင်းတွေကို မြှုပ်ထားတာတွေကို မိုင်းတွေ ဘာတွေမြှုပ်ထားတတ်ခဲ့လို့ အနီးကပ်တော့ မှတ်တမ်းယူတာတွေ မလုပ်ရဲဘူး” ဟု တောကျီးကန်းစစ် ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို တောကျီးကန်းစစ်ကြောင်း၊ တပင်ရွှေထီးစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများမှာ သထုံမြို့နယ်အခြေစိုက် တပ်မ ၄၄ မှ စစ်သား များဖြစ်ပြီး ဘီးလင်းမြို့ နယ်၊ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်များအတွင်းရှိ ကျေးရွာ များကို လှည့်လည် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ နေအိမ်များ အတွင်းမှ တန်ဖိုးရှိ ပစ္စည်းများကို မွှေနှောက်ခိုးယူ ရန် စစ်ကြောင်း ထိုးနေခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက် ခိုက် မှု ကြောင့် အကြိမ်ကြိမ်ထွက်ပြေးနေကြကြောင်း သိရသည်။

ဓာတ်ပုံ- ဘီးလင်းတွင် PDF နှင့် KNLA တပ်များ၏ တိုက်ခိုက်မှုကြောင့် ကျေးရွာ များ အတွင်းမှ ထွက်ပြေးသွားသော တပ်မ ၄၄ စစ်ကြောင်းမှ စစ်သားများ ကျန်ရစ်ခဲ့သော အသုံးအဆောင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article