28 C
Yangon

မုံရွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်၍ ဓားပြတိုက်ခဲ့သည့် ကျွဲကြီး ဦးဆောင်သော တော်လှန်ရေး အယောင်ဆောင် အဖွဲ့ကို ဖမ်းဆီးရရှိပြီး စစ်တပ်က လက်သပ်မွေးထားသော အဖွဲ့ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ

Must read

မုံရွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်၍ ဓားပြတိုက်ခဲ့သည့် ကျွဲကြီး ဦးဆောင်သော တော်လှန်ရေး အယောင်ဆောင် အဖွဲ့ကို ဖမ်းဆီးရရှိပြီး စစ်တပ်က လက်သပ်မွေးထားသော အဖွဲ့ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ

ရန်ကုန်၊ ဩဂုတ် ၁၁

စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပစ်ခတ်သတ်ဖြတ် ခဲ့သည့် လက်နက်ကိုင်၆ဦးပါ ကျွဲကြီး ဦးဆောင်သော တော်လှန်ရေး အယောင် ဆောင် အဖွဲ့ ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ညတွင်းချင်း ဖမ်းဆီးနိုင်ခဲ့ပြီး အမှုစစ်ဆေးလျက်ရှိရာ စစ်တပ်က လက်သပ်မွေးထားသော အဖွဲ့ဖြစ်သည်ကို စစ်ဆေး တွေ့ရှိရကြောင်း မုံရွာပလဖအဖွဲ့တာဝန်ရှိသူ ကိုအာကူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန် မုံရွာမြို့၊ ထန်းတောကျွန်း ဆွယ်ရပ် ကွက်တွင် နေထိုင်သည့် အသက်၂၅နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူကို ကျွဲကြီး ဦးဆောင်သည့် အဖွဲ့က လက်လုပ်‌ သေနတ် များဖြင့် နေအိမ်တွင်းသို့ ဝင်ရောက် ပစ်ခတ် လုယက်သွားခြင်း ဖြစ်သည်။

တရားခံကျွဲကြီး ဦးဆောင်သည့် တော်လှန်ရေး အမည်ခံ Monywa Force လက်နက် ကိုင်အဖွဲ့သည် ဒလန်ရှင်းလင်းရေးဟု အမည်တပ်၍ ပုဂ္ဂိုလ်ရေး မုန်းတီးမှုဖြင့် အပြစ်မဲ့ပြည်သူများကိုပါ ဖမ်းဆီးသတ်ဖြတ်ခြင်းများရှိခဲ့ကြောင်း၊ တော်လှန်ရေး နာမည်ဖျက်ရန်အတွက် အကြမ်းဖက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်နေသည့် အဖွဲ့အစည်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိ ရကြောင်း မုံရွာပလဖအဖွဲ့တာဝန်ရှိသူ ကိုအာကူးက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ပြောဆိုသည်။

“အမှုဖြစ်ပြီး ၇နာရီအကြာ ည၁၀ နာရီလောက်မှာပဲ တရားခံတွေကို ဖမ်းနိုင်ခဲ့ တယ်။ ‌ကျွဲကြီးတို့အဖွဲ့က တော်လှန်ရေးလုပ်ငန်းတွေ တိုက်ပွဲတွေမှာ ပါဝင်ခဲ့ ခြင်း မရှိဘူး။ အကြမ်းဖက်စစ်ကောင်စီလက်သပ်မွေးထားတဲ့ သန္ဓေမမှန်တဲ့ အဖွဲ့ဆိုတာ စစ်ဆေးတွေ့ရှိရတယ်။ အခုအမှုမှာလည်း နောက်ကွယ်က ခိုင်းတဲ့ သူ သပ်သပ်ရှိသေးတယ်။ ဆက်လက်ဖမ်း ဆီး အရေးယူသွားမှာပါ” ဟု သူက ပြောသည်။

စစ်ကိုင်းတိုင်း၏မြို့တော်၊ မုံရွာမြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားများရှိသည့် မြို့မရဲစခန်းများအနီးတွင်ပင် ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်၊ လူသတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။

မုံရွာမြို့ပေါ်တွင်ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများ၏ ပြစ်မှုကျူးလွန်သူများကို စစ်ကောင်စီတပ်နှင့် ရဲများက ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ဘဲ မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့က တရားခံ ၈၀ ဦးကျော်အထိ ဖမ်းဆီး အရေးယူနိုင်ခဲ့သဖြင့် ရာဇဝတ်မှုများ သိသိသာသာ လျော့နည်းသွားခဲ့ကြောင်း မုံရွာပလဖထံမှ သိရှိရသည်။

(မှတ်ချက်- Facebook ၏ လူမှုကွန်ရက် Community Standard အရ မျက်နှာများကို ဝါးထားရခြင်းဖြစ်ပြီး တယ်လီဂရမ်တွင် မူရင်းပုံများကို သွားရောက် ကြည့်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article