29 C
Yangon

တနင်္သာရီရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

တနင်္သာရီရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ သြဂုတ် ၁၂

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ပြည်သူ ၁၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အင်အား ၈၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တနင်္သာရီမြို့နယ်ရှိ မော်တုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ပြည်သူ ၁၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ​ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် အရှေ့မော်တုန်း ဒေသ ပြည်သူများနှင့် ချောင်းတစ်ဖက်ရှိ အနောက်မော်တုန်းဒေသမှ ပြည်သူ အများအပြားသည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အနောက်မော်တုန်းရွာတွင် ကျေးရွာနေ ပြည်သူများနှင့်တခြားရွာမှ စစ်ဘေးရှောင်လာသည့် ပြည်သူ ၁၅၀၀ ကျော်နေထိုင်ပြီး ပြည်သူ ၁၀၀၀ ကျော်သည် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် အရှေ့မော်တုန်း ကျေးရွာအုပ်စုရှိ ဘန်းလမွတ်၊ ထုံနွယ်၊ ရွာမနှင့် အန္ဒာပြင်ရွာများတွင် စစ်အင်အားဖြန့်ကျက်ထားပြီး ဥယျာဥ်ခြံများအထိ ဝင်ရောက်သွားလာနေကြောင်း၊ ယင်း စစ်ကြောင်းသည် ကျွဲသုံးပေါင်ရွာဘက်မှ ယနေ့ နံနက်ပိုင်းတွင် အရှေ့မော်တုန်းရွာဘက်ကို ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

( The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article