30 C
Yangon

စစ်ကိုင်းမြို့နယ်ရှိ တလိုင်းရွာမှ စစ်ဘေးရှောင် ပြည်သူများကို PDF ဆေးတပ်ရင်းများက ဆေးကုသမှု ပြုလုပ်ပေးနေ

Must read

စစ်ကိုင်းမြို့နယ်ရှိ တလိုင်းရွာမှ စစ်ဘေးရှောင် ပြည်သူများကို PDF ဆေးတပ်ရင်းများက ဆေးကုသမှု ပြုလုပ်ပေးနေ

ရန်ကုန်၊ သြဂုတ် ၁၂

စစ်ကိုင်းမြို့နယ်ရှိ တလိုင်းရွာမှ စစ်ဘေးရှောင် ပြည်သူများကို PDF ဆေးတပ်ရင်းများက ဆေးကုသမှု ပြုလုပ်ပေးနေကြောင်း ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းမှ ဗိုလ်စွန်ရဲက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လက်ရှိချိန်တွင် တလိုင်းရွာမှ စစ်ဘေးရှောင်ပြည်သူများကို ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း (ဝက်လက်မြို့နယ် နယ်စည်းမခြား တော်လှန်ရေး အင်အားစု) တပ်ရင်းဆေးခန်းများမှ သွားရောက် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

တလိုင်းကျေးရွာကို သြဂုတ်လ ၁၁ ရက်နေ့ နံနက်အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က လေကြောင်းမှ တစ်ဆင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်များ ခိုလှုံနေ သော ကံဦး ဘုန်းကြီးကျောင်းမှ သံဃာ ၁ ပါး၊ ၈လသားအရွယ် ကလေး၁ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း ၊ မြေပြင်တွင်လည်း စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းပြီး တလိုင်းရွာသားတစ်ဦးကို သတ်ဖြတ် ခဲ့ကြောင်း၊ ကျေးရွာသူကျေးရွာသား ၁၀ ဦးနှင့်အထက်ကို စစ်တပ်က ဖမ်းဆီး သွားပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article