29 C
Yangon

KNU တပ်မဟာ ၃ နယ်မြေတွင် ၇၃ နှစ်မြောက် ကရင် အမျိုးသား အာဇာနည်နေ့ အခမ်းအနားများ ကျင်းပပြုလုပ်

Must read

KNU တပ်မဟာ ၃ နယ်မြေတွင် ၇၃ နှစ်မြောက် ကရင် အမျိုးသား အာဇာနည်နေ့ အခမ်းအနားများ ကျင်းပပြုလုပ်

ရန်ကုန်၊ သြဂုတ် ၁၂

ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေတွင် ၇၃ နှစ်မြောက် ကရင် အမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ခရိုင်၊ မြို့နယ်နှင့် ကျေးရွာများတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။

ကေအဲန်ယူ−ဆောထိမြို့နယ် အုပ်ချုပ်မှု နယ်မြေအတွင်းရှိ စောသဲခီးကျေးရွာအုပ်စု၊ အင်းဗလာကျေးရွာ အုပ်စု၊ ထီးဘလားကျေးရွာအုပ်စု၊ ထီးဝါဘွေးခီးကျေးရွာအုပ်စု၊ မဲကတီးကျေးရွာအုပ်စု၊ ဘလောခိုကျေးရွာ အုပ်စု၊ မယ်ယယ်ခီးကျေးရွာအုပ်စုနှင့် လယ်ဝါးကျေးရွာအုပ်စု စသည့်ကျေးရွာအုပ်စုပေါင်း ၈ အုပ်စု၌ ၇၃ နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဆောထိမြို့နယ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်ရင်း ၇ မှ ခေါင်းဆောင်များ၊ ကျေးရွာ ခေါင်းဆောင် များနှင့် ကျေးရွာနေ ပြည်သူ စုစုပေါင်း ၁၇၀၀ ကျော် တက်ရောက်ခဲ့ပြီး ဝတ်ပြုဆုတောင်းခြင်းနှင့် ဟောပြောပွဲများဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကေအဲန်ယူ−လယ်ဒိုမြို့နယ် အုပ်ချုပ်မှု နယ်မြေတွင် ၇၃ နှစ်မြောက် ကရင်အမျိုးသားအားဇာနည်နေ့ အခမ်းအနားကို မြို့နယ်၊ ကျေးရွာများရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းရှိ စာသင်ကျောင်းတိုင်း တွင်ကျင်းပခဲ့ကြောင်း၊ အခမ်းအနားကို လယ်ဒို မြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် K.N.L.A တပ်ရင်း ၉ နှင့် ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ K.N.D.O တပ်ရင်း ၃ မှ ခေါင်းဆောင်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article