34 C
Yangon

ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်သား ထွန်းနိုင်လင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်သား ထွန်းနိုင်လင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်သား ထွန်းနိုင်လင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၅၂ မိနစ်အချိန် ပေါင်မြို့နယ်၊ ဇင်းကျိုက် နယ် မြေရဲစခန်း၊ ပန်းကုန်းကျေးရွာမှ နယ်ထိန်းရဲတာဝန်ထမ်းဆောင်နေသော ရဲတပ်သား ထွန်းနိုင်လင်းသည် သထုံဘက်မှ ရဲစခန်းသို့ ပြန်လာကြောင်း၊ ပေါင်မြို့နယ်၊ ရန်ကုန် – မော်လမြိုင်လမ်းမကြီး၊ ပန်းကုန်းကျေးရွာ၊ ရပ်ကွက် ၂ ပိုင်း၊ ဦးကရင်ထမင်းဆိုင်အနီး လမ်းကွေ့ တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

” ဇင်းကျိုက်ရဲစခန်း၊ ပန်းကုန်းကျေးရွာ နှင့် ကတွန်ကျေးရွာ အပိုင်နယ်ထိန်း ရဲတပ်သား ထွန်းနိုင်လင်း ပစ်ခတ်ခံရပြီး ပွဲချင်းပြီးဆုံးတယ်။ သေနတ်နဲ့ ၃ ချက် အပစ်ခံရတယ်။ ရန်ကုန်-မော်လမြိုင် ကားလမ်း တံတားအမှတ် ၁/၁၆၅ အနီးမှာ အပစ်ခတ်ခံရတာ။ အရပ်ဝတ်နဲ့ ခဏ သွားပြီး ပြန်လာတဲ့အချိန် အပစ်ခံရတာပါ။ ကြည့်ရတာ ပစ်မယ့်သူက ချောင်းနေတာထင်တယ်” ဟု ဇင်းကျိုက်နယ်မြေရဲစခန်းမှ ရဲ သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ရဲတပ်သားထွန်းနိုင်လင်းကို ပစ်ခတ်သွားသူများကို ဖမ်းဆီးနိုင် ခြင်းမရှိသေးဘဲ စစ်တပ်က မြို့ပေါ်တွင် ဧည့်စာရင်း စစ်ဆေးမှုနှင့် ပိတ်ဆို့ စစ်ဆေးမှုတချို့ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article