28 C
Yangon

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဘို့မသံတောင် စစ်စခန်း တိုက်ခိုက်ခံရပြီး ခမရ ၄၁၁ မှ အရာရှိ ၁ ဦး အပါအဝင် ၈ ဦး သေဆုံး

Must read

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဘို့မသံတောင် စစ်စခန်း တိုက်ခိုက်ခံရပြီး ခမရ ၄၁၁ မှ အရာရှိ ၁ ဦး အပါအဝင် ၈ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၃

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နှင့် မိုင် ၃၀ အကွာ ဘို့မသံတောင် စစ်တပ် စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ ခမရ ၄၁၁ မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၈ ဦး သေဆုံးခဲ့ပြီး ယမန်နေ့ သဂြိုလ်ခဲ့ကြောင်း နေပြည် တော် စစ်ဘက် သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဩဂုတ်လ ၁၀ ရက်နေ့ အင်အား ၁၀ ဦးခန့်ရှိ နေသည့် ဘိုမသံတောင် စစ်တပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ ယင်းတိုက် ခိုက်မှုကြောင့် ခမရ ၄၁၁ မှ အရာရှိ ၁ ဦး အပါအဝင် ၈ ဦးသေဆုံးကြောင်း၊ ဩဂုတ် လ ၁၂ ရက်နေ့ နေပြည်တော်စစ်သင်္ချိုင်းတွင် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

” ခမရ ၄၁၁ တပ်က အရာရှိတယောက် အပါအဝင် ၈ ဦးကို မနေ့က နေပြည် တော်မှာ သဂြိုလ်ပါတယ်။ စခန်းထိုင်တဲ့အဖွဲ့တွေပါ။ စခန်းမှာ ၁၀ ဦးရှိတာမှာ ၈ ဦးကျတယ်။ အလောင်းတွေကို နေပြည်တော်ပြန်ယူလာပြီး မနေ့ မနက် ကုတင် ၁၀၀၀ စစ်ဆေးရုံကနေ စစ်သင်္ချိုင်းမှာ စစ်အခမ်းအနားနဲ့ သဂြိုလ် ခဲ့ပါတယ်” ဟု နေပြည်တော် စစ်တပ်သတင်းရင်းမြစ်ကဆိုသည်။

စစ်တပ်စခန်းတိုက်ခိုက်ခံရမှုတွင် လက်နက်များလည်း သိမ်းဆည်းခံလိုက်ရပြီး စခန်းကိုပါ ဆုံးရှုံးခဲ့ရကြောင်း၊ စစ်ကူများ ရောက်ရှိချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များက စခန်းကို ရှင်းလင်း၍ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့ ခမရ ၄၁၆ တပ်ရင်း မှူး ဒုတိယ ဗိုလ်မှူးကြီးအောင်ပြည့်ဟိန်း( စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း ) ကွတ်ခိုင်တိုက်ပွဲတွင် သေဆုံးခဲ့ပြီးနောက် စစ်အခမ်းအနားဖြင့် သဂြိုလ် သည့် မြင်ကွင်း ။ (ပုံအဟောင်း ကို အသုံးပြု ထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article